မင်္ဂလာဦးလက်ဖွဲ့(မဂျလာဦးလကျဖှဲ့)

1.5K 132 15
                                    

""""""""""""""""""""

တံခါးဘောင်ကိုလက်နဲ့ကိုင်ထားပြီး
မီးဖိုခန်းထဲအလုပ်ရှုပ်နေတဲ့ Phi ကို
ကြည့်နေမိတယ်...

ခန့်ညားချောမောတဲ့ သူချစ်တဲ့အမျိုးသား
က တစ်ခုခုကိုအာရုံစိုက်ချက်နေပုံနဲ့..
သူကြည့်နေတာကိုသိနေပေမယ့်
သူ့ဘက်ကိုအကြည့်တစ်ချက်မလှည့်

သူတို့စကားမပြောတာ ဒီနေ့နဲ့ဆို ငါးရက်...

Phi မေမေနဲ့တွေ့လို့
သူ သတိလစ်သွားတဲ့နေ့ကစပြီး
နောက်ဆုံး Khun Huant အိမ်ကနေ
ပြန်ခေါ်လာခဲ့ပြီးဒီနေ့ထိ...
Phi ကသူ့ကိုစကားတစ်ခွန်းတောင်
မပြောခဲ့ဘူး...

ပုံမှန်အလုပ်သွားတယ်...
နလန်ထူစ သူ့အတွက်ဆေးနဲ့အစားအသောက်ကို
ပြင်ဆင်ပေးထားခဲ့မယ်..
ပြန်လာရင် သူဖျားမဖျားစမ်းသပ်ပေးမယ်..

ညအိပ်ရင် တခြားအခန်းတစ်ခန်းမှာသွားအိပ်မယ်

Phi ရဲ့ဒီလိုအပြုမှုတွေက သူ့ကို
သေမလောက်နာကျင်စေတယ်...
စကားတစ်ခွန်းစပြောဖို့တောင်
မဝံ့ရဲတော့တဲ့အထိ..

သူ......
သူ Phi ကိုစကားစပြောလိုက်လို့
ပြန်မပြောရင်...
ဒါမှမဟုတ်
Phi ပြန်ပြောတဲ့စကားက သူ့ကို
စိတ်ပျက်နေတာမျိုးဖြစ်လာခဲ့ရင်

မရေမရာ အတွေးနဲ့တင် အကြိမ်ကြိမ်သေ
စေတယ်...

Gun ပြောပြလို့ သူဆေးရုံကိုဘယ်လိုပုံနဲ့
ပြန်ရောက်လာတယ်ဆိုတာ
သူသိခဲ့ရပြီးပြီ..
Gun ရဲ့ဆူပူမှုနဲ့စိတ်ဆိုးမှုကိုလည်း
လက်ရှိခံနေရပြီ...

ဘာတစ်ခုမှမတိုင်ပင်ပဲစိတ်ထင်ရာလိုက်
လုပ်မိတဲ့အပြစ်ကတစ်ပြစ်
ဆေးရုံကနေမပြောမဆိုနဲ့ပျောက်သွားတဲ့
အပြစ်ကတစ်ပြစ်
သူဘာတတ်နိုင်မှာလဲ...
အဲ့ဒါတွေအကုန်လုံးက သူလုပ်ခဲ့တာတွေပဲလေ...

သူလုပ်နိုင်သမျှအကုန်လုပ်ပေးခဲ့တာတွေ
ပါပဲ...
ဒါလေးပါပဲ...

"ညနေ ချင်းမိုင်သွားရမယ်....''

မီဖိုခန်းရဲ့တံခါးဝမှာ လက်လေးထောက်ပြီးငိုင်တွေနေတဲ့
သနားစဖွယ်ပုံရိပ်ဖျော့ဖျော့လေးကိုကြည့်ပြီး ရင်နာရခြင်းနဲ့အတူ စိတ်ဆိုးမိခြင်းကလည်းတစ်ပါတည်း
.....

Rebirth for LoveМесто, где живут истории. Откройте их для себя