လွန်ခဲ့သောရက်အနည်းငယ်
ဘုန်းမြတ် လင်းစက်နဲ့စကားပြောရန်ဆိုင်တစ်ဆိုင်မှာချိန်းလိုက်ခြင်းဖြစ်သည်
ဘုန်းမြတ်ဆိုင်ထဲဝင်လိုက်သည်နဲ့ထောင့်ဆုံးကျသောခုံကိုနေရာယူလိုက်သည်
ဆိုင်တွင်းထိုင်လိုက်ပြီးကော်ဖီပူပူလေးတစ်ခွက်မှာရင်းလင်းစက်ကိုစောင့်နေလိုက်သည်
အတာသူ့ကိုချစ်တယ်လဖြွင့်ပြောပြီးနောက်
ဘုန့်မြတ်အံသြပြီးဘာအဖြေမှတောင်မပေးနိုင်ဘဲ
ထိုနေရာကနေထွက်ပြေးလာခဲ့သည်
ခုန်နေတဲ့ရင်အစုံကြောင့်လည်းပါသည်
အခုလာသည်ကလည်းအဲ့အကြောင်းကြောင့်ပင်ဖြစ်သည်လင်းစက်ဝင်လာသည်ကြောင့်ဘုန်းမြတ်ပိုလို့ရင်တုန်လာသည်
လင်းစက်ထိုင်ခုံမှာနေရာယူပြီးကော်ဖီမှာလိုက်သည်
ကော်ဖီလာချသည်ထိဘုန်းမြတ်ဘာပြောရမှန်းကိုမသိခဲ့ပါ"ဘုန်းမြတ် သားကြီးဘာပြောမလို့လဲ
အရေးကြီးပြောစရာရှိတယ်ဆိုလို့နှင်းဆီကိုတောင်ဒီကိုဘဲလာဖို့ချိန်းလိုက်ရတယ်""ဟို ဟိုဟာကွာ"
ဘုန်းမြတ်တစ်ခါမှထိုလိုမဖြစ်ဖူးတာကြောင့်လင်းစက်ကြောင်ကြည့်နေမိသည်ဘုန်းမြတ်ဆိုတာဘာကိုမဆိုရဲရဲဝင့်ဝင့်ပြောနေကျပင်ဖြစ်သည်
"ဘုန်းမြတ်ဘာဖြစ်နေတာလဲ"
"ငါ"
ဘုန်းမြတ်ပြောရန်အချိန်ယူနေချိန်နှင်းဆီဝင်လာတာကြောင့်ဘုန်းမြတ်ပြောဖို့ပိုလို့ခဲယဥ်းသွားသည်
နှင်းဆီရောက်လာတော့လင်းစက်လည်းအာရုံ
ပြောင်းသွားကာစကားလမ်းကြောင်းလွှဲလိုက်ရသည်"ကိုဘုန်းကမျက်နာလည်းသိပ်မလန်းပါလား"
"အေးလေပြောစရာရှိလို့ဆိုပြီးဘာမှလဲမပြောဘူး"
ဘုန်းမြတ်သက်ပြင်းချလိုက်ကာ
"ငါအတာ့ကိုချစ်တယ်"
"ဘာ"
လင်းစက်အံသြသွားသည် သူကမိန်းကလေးတစ်ယောက်ကိုကြိုက်နေသည်မဟုတ်ဘဲယောက်ျားလေးတစ်ယောက်ကိုကြိုက်နေသည်တဲ့
ပြီးတော့အခြားသူမဟုတ်မိမိညီအတာနွေဦးတဲ့လား
လင်းစက်နှင်းဆီကိုကြည့်မိတော့သိပ်အံသြပုံမပေါက်
YOU ARE READING
Atar
Romanceဆိုးပါအရာရာကိုအချစ်နဲ့နားလည်ခွင့်လွှတ်ပေးမှာမို့ဆိုးပါတစ်ခုဘဲကိုယ့်နှလုံးသားကိုတော့မရက်စက်ပါနဲ့ ဘုန်းမြတ် ချစ်တယ်ကျွန်တော်ကအချစ်ကိုဖွင့်မပြောတက်ပေမယ့်ကွ်ျန်တော်ခင်ဗျားကိုသေလောက်အောင်ချစ်တယ်ဆိုတာတော့သိထားပေးပါ ...