(Zawgyi)
တန်ဆောင်တိုင်ရုံးပိတ်ချိန်တွင်
ဧကရီတစ်ယောက် အတိုးချပီး အနားယူအိပ်မောကျနေချိန်တွင်....
"တီ..တီ...တီ .....🚗🚗"
"ဟာ ဘာလဲကွာ ဘယ်ကကားလဲမသိဘူး အိပ်လို့ကောင်းနေပါတယ်ဆိုမှပဲ ဟူး....." တိုက်အောက်က ကားဟွန်းသံကြားတော့ ဧကရီခင်မျာ မထချင်ထချင်နဲ့ ထပီး ပြတင်းပေါက်ကနေအောက်ကိုလှမ်းကြည့်လိုက်တယ်
" ဟာ မေသူနဲ့ ယမင်းတို့ပါလား ဘာလို့စောစောစီးစီးရောက်လာပါလိမ့်🤔"
"ဟေ့ မေသူတို့ဘာလာလုပ်တာတုန်း စောစောစီးစီး အိပ်ကောင်းချင်းမအိပ်ရဘူး ချီးထုပ်မတွေရ😒' တိုက်ပေါ်ကနေ လှမ်းအော်လိုက်သည် တိုက်က အရမ်းမမြင့်တော့ အာပြဲအောင်တော့ အော်စရာမလိုတော့ တော်သေးသည်😆
"ဧကရီမ ငါတို့ကိုလှမ်းအော်မနေနဲ့ ဒီနေ့ဘာနေ့လဲဆိုတာမေ့နေတာလား နေဉီး ငါတို့အပေါ်တက်လာခဲ့မယ် ရောက်မှ နားရွက်ကိုနာနာလေး လိမ်ဆွဲပစ်မယ်🙂 တံခါးဖွင့်ထား"
မေသူနဲ့ယမင်းတို့နှစ်ယောက်အပေါ်တက်လာခဲ့တယ် ဧကရီကတော့ပြူးကြောင်ကြောင်နဲ့စဉ်းစားနေတုံး😅
"ဘုရား ဘုရား ဒီနေ့ဘာနေ့ပါလိမ့် ဟိုကြီးတော်ဒေါသအိုးမေသူတို့တော့ ဒေါကန်နေပီ ငါဘာလုပ်ရမလဲ စဉ်းစားစမ်း ဒီနေ့ဘာနေ့လဲ🤔🤔"
"ဒေါက် ..ဒေါက်...
ဟဲ့ဧကရီမ ဘာလုပ်နေတာလဲ တံခါးလာဖွင့် အခုမှကြောက်မနေနဲ့ လာဖွင့်အခု🤨🤨"
"အေးပါဟာ နင်တို့ကလဲ အစောကြီးလဲရောက်လာသေးတယ် အိပ်နေတဲ့သူကို လာဟောက်နေတယ် အလုပ်လဲပိတ်တုန်းလဲ အိပ်ရတာကို 😕😒"
"ခုမှဆင်ခြေတွေ ပေးမနေနဲ့ ဒီနေ့ ဘာနေ့လဲ သိဘူးလား "
"ဒီနေ့ဘာနေ့လဲ🤔"
"ဒီဟာမလေးကတော့...." မေသူ ဧကရီနားကိုလိမ်ဆွဲပလိုက်တယ်😏
"အား.... နာတယ်ဟ ဘာလို့ဆွဲတာလဲ တကယ်မသိလို့မေးတာကို တကယ်ပဲ🤨"
" ငါနော်😤 ဒီနေ့ ငါ့မွေးနေ့လဲ နင်မေ့နေတာလား ခု ဘုရားသွားဖို့လာခေါ်တာ ပီးရင် JSသွားမယ် တော်တော်မေ့တတ်တာပဲ နင်နော်😡"
"ဟဲ..ဟဲ.. ဆောရီးပါ မေသူလေးရယ် ငါလဲ အလုပ်တွေ ပင်ပန်းလို့ မေ့သွားတာပါဟ နင်လဲသိသားနဲ့ အလုပ်က ဘယ်လောက်ပင်ပန်းလဲဆိုတာ စိတ်မဆိုးနဲ့နော် နော် 😁"
" ပြောလို့လဲ မနိုင်ဘူးနင့်ကို ကဲကဲ ရေချိုး အဝတ်လဲ ဘုရားသွားမယ် ပီးရင် အဝတ်အပိုယူခဲ့ JSပါသွားမယ် ကြားလား ဧကရီမ ယမင်းတို့နဲ့များကွာပါ့😒😒"
"အေးပါဟာ မြန်မြန်လုပ်လိုက်မယ် နာရီဝက်ပဲစောင့် တောင်းပန်တဲ့ အနေနဲ့ မနက်စာ ငါဝယ်ကျွေးမယ်နော်😋"
"ပီးရော မြန်မြန်လုပ်"
မေသူနဲ့ယမင်းတို့က ဧကရီလေးရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ
ယမင်းက စကားနည်းသလောက် မေသူကတော့ကြက်တူရွေးတောင်အရှုံးပေးရတယ် အားမနာရှာမကျိုး ပြောတတ်တဲ့သူမျိုး😆😆
ဧကရီလေးက နာမည်ကြီး ခရီးသွား
Company တစ်ခုက မန်နေဂျာတစ်ယောက် မန်နေဂျာဆိုတော့လဲ သိတယ်မလား ဘယ်လောက်ပင်ပန်းလဲဆိုတာ သယ်ရင်းမွေးနေ့တောင် မေ့နေရှာတယ်😁😆
......................
YOU ARE READING
မထင်မှတ်သောချစ်ခြင်း
Romanceအခုမှ ပထမဆုံးစရေးတဲ့ Gl ficလေးပါ😁😁 ပထမဆုံးမလို့အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါနော်😙 Titleလေးနဲ့တူအောင် ဇာတ်လမ်းလေးကိုစိတ်ဝင်စားဖွယ် ရေးသွားမှာမလို့ အားပေးကြပါနော်😘😘 ဇာတ်လမ်းအကျဥ်း နှင်းဧကရီကျော် အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက်လှ မြင်သူတကာအားကျ...