[Zawgyi]လွန်ခဲ့သော အတိတ်နေ့စွဲများ..
ပတ်လမ်းပေါ်မှာ အပြင်းအထန်မောင်းနှင်နေကြတဲ့ ဆိုင်ကယ်တွေကို ကြည့်ရင်း သူ့ရင်တွေ တဒိန်းဒိန်းခုန်စပြုနေပြီ၊ အားလုံးက အစမ်းလေ့ကျင့်နေကြတုန်းဆိုပေမဲ့ ကွင်းအပြည့်ဖြစ်နေတဲ့ ပိရိသတ်တွေရဲ့ အားပေးသံတွေက ဆိုင်ကယ်တွေ အကွေ့တစ်ခုကို လှလှပပကွေ့ချသွားတိုင်း ဟိန်းခနဲ ဟိန်းခနဲဖြစ်နေကြတယ်၊ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေတဲ့ ဝမ်ရိပေါ်က အကြောလျော့လိုက်ပြီးမှ သူ့အနားမှာရပ်နေတဲ့ Jackson ဆီက ရေဘူးကို ယူမော့လိုက်တယ်၊
" အနိုင်ယူဖို့အဆင်သင့်ပဲလား "
သူ့ဘက်က အေးဆေးဖြစ်ဟန် ခေါင်းတစ်ချက်ဆတ်ပြလိုက်ရင်း ရေဘူးကို ပြန်ပေးလိုက်တော့ Jackson က ပြုံးရွှင်ပြီး သူ့ပုခုံးတွေကို လာနှိပ်နယ်ပေးတယ်၊
သူ့ညီလေး ဝမ်ရိပေါ်က ဒီပြိုင်ပွဲအတွက်ရည်ရွယ်ပြီး တစ်နှစ်ပတ်လုံး မရပ်မနားလေ့ကျင့်ထားတာကြောင့် ရလာဒ်ကောင်းတွေ ရမယ်ဆိုတာကို Jacksonက သိထားပြီးသားဖြစ်တယ်၊ တစ်ခါတစ်လေတော့ ထိခိုက်မှာ စိုးရိမ်မိပေမဲ့လည်း ဒီအချင်းအရာပေါ်မှာ ဝမ်ရိပေါ် ဘယ်လောက်ထိ စိတ်အားထက်သန်၊ဝါသနာပါပြီး တန်ဖိုးထားလဲဆိုတာ သိတာကြောင့် သူတို့တစ်မိသားစုလုံးက မကန့်ကွက်ဘဲ အားပေးခဲ့ကြတယ်၊ ရိပေါ်ရဲ့ ပျော်ရွှင်မှုက သူတို့ရဲ့ ပျော်ရွှင်မှုပဲလေ...။
" ပြိုင်ပွဲဝင်ဖို့ မိနစ်နှစ်ဆယ်လောက် လိုသေးတယ်မလား၊
ရှောင်းကျန့်ဆီ ဖုန်းဆက်ချင်တယ်.. "ပတ်လမ်းကို ခဏငေးနေပြီးမှ စိတ်မြန်လက်မြန်ပဲ နားနေခန်းဘက်ကို ပြန်ဝင်သွားတာကြောင့် Jackson လည်း အနောက်ကနေ တကောက်ကောက်လိုက်လာရတယ်၊ ပုံမှန်အခြေအနေအရဆိုရင် ရှောင်းကျန့်က ဒီပြိုင်ပွဲမှာ လာအားပေးဖြစ်မယ်ဆိုပေမဲ့ အခုတော့ အဲ့ဒီ့ယုန်ညိုလေးက ကိုရီးယားအထိ ခေါင်းမာမာနဲ့ ပညာတော်သင်ထွက်သွားတာကြောင့် နှစ်ဦးသားဝေးလို့နေရတယ်၊ အင်း... ဒီပြိုင်ပွဲပြီးရင်တော့ ယုန်ဖမ်းဖို့ ကိုရီးယားကို လိုက်သွားရမှာပဲ..
" ဟယ်လို.. "
" အင်း.. ရိ.. ပေါ် "
တတူတူဝင်နေတဲ့ ဖုန်းကို အကြာကြီးနေမှ ကိုင်လာပြီး ပြန်ထူးတဲ့လေသံက အားနည်းဖျော့တော့နေတာမို့ သူ့ရင်ထဲမှာ တထိတ်ထိတ်ဖြစ်သွားရတယ်၊ အသည်းအထန်စိတ်လှုပ်ရှားမှုတွေကြောင့် သက်တောင့်သက်သာ ထိုင်ချဖို့ ပြင်နေတဲ့ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်တော့ တံခါးကိုသေချာစေ့ပိတ်နေတဲ့ Jackson က ဘာဖြစ်လို့လဲ ဆိုတဲ့ ပုံစံနဲ့ လှည့်ကြည့်လာတယ်၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...