""""""""""""""""""""
Krist အတွက် နေ့လည်စာလာပို့ပေး
ချိန်မှာပဲ ဓာတ်လှေကားအထွက်မှာ
တွေ့လိုက်ရတဲ့လူနှစ်ယောက်ကြောင့်
မျက်လုံးပြူးရသူက Gunဒီလူ.....
Kit ကိုလာပြီးဒုက္ခပေးပြန်တာလား...စိတ်ရှိလက်ရှိ ရန်တွေ့ပစ်လိုက်ချင်ပေမယ့်
Ai Kit အဆင်ပြေပါ့မလားဆိုတာကို
အရင်သိချင်တာမို့ မြန်မြန်ပဲ
အပေါ်တက်ရတော့တယ်...တစ်ခုခုဖြစ်နေမလားမသိတာမို့
Phone ခေါ်ပေမယ့်မကိုင်ပေ...
ပူပင်လာတဲ့စိတ်ကြောင့် ခရီးထွက်သွားတဲ့
Phi Sing ဆီစာတစ်စောင်ပို့လိုက်တော့
တယ်..( Kit ဆီ ဟိုလူလာတယ်..)
တစ်ဖက်က Sing မှာတော့ ရောက်ထဲက
တစ်နေရာပြီးတစ်နေရာ သွားလာနေရပြီး
လုပ်လိုက်ရတဲ့ meeting...
ညအိပ်မှသာနားရတော့တာမို့
ပို့လာတဲ့စာကိုမမြင်မိသေး...Papi ကိုပါ ဖုန်းဆက်ထားလိုက်ပြီး
သုတ်ပျာသုတ်ပျာနဲ့ အပြေးလာခဲ့ရတဲ့
Gun ခမျာ ဆိုဖာပေါ်ထိုင်နေတဲ့
Kit ကိုတွေ့မှပဲအလုံးကြီးကျရတဲ့အဖြစ်..."Ai Kit ဟိုလူလာတာတွေ့လိုက်တယ်...
မင်းဆီလာတာလား..ဟင်..
ဘာတွေပြောသွားသေးလဲ...မင်းကို
ဘာတွေခြိမ်းခြောက်သွားသေးလဲ..''Gun ရဲ့စိုးရိမ်စကားကြောင့်
ခဏပြုံးလိုက်မိသေးတယ်..
သူက လူတွေကိုတကယ်စိတ်ပူစေတဲ့
ကောင်ဖြစ်မှန်းမသိဖြစ်နေပြီမို့.." ဘာမှမဟုတ်ပါဘူးကွာ..ဘာမှလည်းမ
ခြိမ်းခြောက်ပါဘူး..ဒါပေးချင်လို့လာတာတဲ့....''မေးငေါ့ပြလိုက်တဲ့စာအိတ်ကိုဖွင့်ကြည့်
အပြီးမှာ Gun ရဲ့မျက်လုံးဟာပြူးကျယ်
လာလေရဲ့..." ဒါ...ဒါက...ဒီလောက်အများကြီး...
ဘာအတွက်ပေးတာလဲ...မင်းကိုထပ်ပြီး
အပေးအယူလုပ်ပြန်ပြီလား...''လက်ညိုးက စာအိတ်ကိုထိုးလိုက်သူ့ကို
ထိုးလိုက်နဲ့..." အဲ့လို မဟုတ်ဘူး...''
ဖြစ်ကြောင်းရယ်ကုန်စင်ကိုရှင်းပြအပြီး
မှာတော့ လူပုစိတ်တိုလေးက
လက်သီးလက်မောင်းတန်းနေလေတယ်..
YOU ARE READING
Rebirth for Love
FanfictionRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...