🖤17♥

2.4K 138 10
                                    

Kao ဆေးခန်းသို့ သွားတာနောက်ကျတာရော ကားက လမ်းတစ်ဝက်မှာပျက်ပြီး ထိုးရပ်သွားတာကြောင့်ပါ ဒေါသက ငယ်ထိပ်ကို တတ်စောင့်နေသည်အထိ၊

တွေ့ရာ Taxi ငှါးပြီးသွားမယ်ကြံတော့လည်း Taxi တစ်စီးမှမတွေ့ဘူး မထူးပါဘူးဆိုပြီး bus stop ထိဘဲ လမ်းလျှောက်လာခဲ့တယ်။ဘေးနားက ဖြတ်သွားတဲ့ ကားပေါ်မှာ Bean နဲ့ Daily ကိုတွေ့လိုက်ရတော့ အမြင်ဘဲမှားတာလားဆိုပြီးတောင်နှစ်ခါပြန်ကြည့်ရသည်အထိ၊

Bean က ထောင်ထဲမှာရှိနေရမှာမလား
Perth ကိုဖုန်းခေါ်ပေမဲ့ စက်ပိတ်ထားတာကြောင့် Title ဖုန်းကိုလှမ်းခေါ်ပြီး ပြောကာတစ်ဆက်တည်းဆေးရုံမှာ operation ရှိမရှိစစ်ဆေးပြီးအလုပ်အားနေတာနဲ့ မလာဖြစ်ကြောင်းနဲ့ဆရာဝန်အစားထိုးဖို့ ပြောလိုက်သည်။

Title ရောက်လာပြီ Perth ဆီကို တန်းဝင်ကြသည်။Title က ကြီးမေကို ရှာပေမဲ့ မတွေ့တာကြောင့် သူ့အသံကျယ်ကြီးနဲ့အော်ကာ လှေကားတွေ ထိတတ်သွားဖို့ပြင်နေသည်။

"Perth........Perth...."

မနက်လင်းတာနဲ့ ကလေးက ကျွန်တော်ကို ဘယ်သွားသွား အတင်းခွပြီးတွယ်နေတာကြောင့် ဘာမှမလုပ်ပဲအခန်းထဲကခုံမှာပဲထိုင်နေလိုက်တယ်။ပုခုံးပေါ်ခေါင်းထိုးပြီး အိပ်နေတာကြောင့် မလှုပ်မရှပ်နိုင်နေမိတယ်။

ကျောပြင်းလေးကို ဖွဖွလေးပုတ်ပေးရင်း
လည်တိုင်ဖွေးဖွေးလေးကို ဖိကပ်နမ်းပေးနေသည်။

တရွှတ်ရွတ်နမ်းနေတာတောင် နမ်းလို့ဝသည်ကိုမရှိ Title ရဲ့အော်သံတွေ အဆုံးမှာ ကျွန်‌တော်ကြားလိုက်သည့်မို့ ခဏနားထပ်စိုက်မိတော့ ထပ်ထွက်လာသည့် အသံ

"Perth....."

Title အော်သံကြောင့် ကလေးတောင်လန့်နိုးသွားသည်။

"ကလေး အိပ်ဦးမလား"

ခေါင်လုံးလုံးလေးခါက ကျွန်တော်နဲ့အောက်ထပ်ကိုအတူလိုက်ဆင်းလာသည်။
Title နဲ့ Kao တို့နှစ်ယောက်က အလောတကြီးနှင့် ဘာဖြစ်နေမှန်းမသိ

"Bean ထောင်ကလွတ်သွားပြီ"

"ဘာ......မဖြစ်နိုင်တာ"

♥"......."

Title စကားကို မယုံကြည်နိုင်စွာငြင်းဆျုလိုက်မိသည်။ Bean ရဲ့နာမည် အသံကြားတာနဲ့ Perth လက်ကို တုန်တုန်ချိချိနဲ့ လှမ်းဆွဲလာတဲ့လက်ကလေး။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Unde poveștirile trăiesc. Descoperă acum