(Zawgyi)
"Good morning ဟေမာန်"
ဟေမာန်လေးတစ်ယောက် ကိုယ့်ကိုကိုယ်ပြောလိုက်သည်"ဘယ်နှစ်နာရီထိုးပီလဲမသိ ဘုရားသွားရဉီးမယ် စောစောထမှ😁"
ဟေမာန်လဲ စောစောထပီး ပတ်ဝန်းကျင်ကို ကြည့်ပီး လန်းဆန်းတဲ့လေလေးကို တဝရှူလိုက်တယ်"ကောင်းလိုက်တဲ့ လေကွာ လန်းဆန်းသွားတာပဲ🤗"
ဟေမာန်လဲ ရေချိုးခန်းထဲဝင်သွားပီး မျက်နှာသစ် ရေချိုးပီး ဘုရားသွားဖို့ပြင်ဆင်လိုက်တယ် 🙏🙏
အပေါ်အောက် ဝမ်းဆက်အဖြူ မြန်မာဆန်ဆန်လေးဝတ်ထားတာ ဘယ်လောက်ကျက်သရေနဲ့ပြည့်စုံနေမလဲ လူကလဲ ခန္ဓာကိုယ်အချိုးအစားလှပီး အသားအရေလေးကလဲ ဝင်းဝါနူးအိနေတာ မြင်ရသူတိုင်း မက်လောက်စရာလေးပါ😁
ဆံပင်ခါးလောက်ရှိတာလေးကို မြင့်မြင့်စီးပီး ဒေါက်မနိမ့်မမြင့်လေးစီးပီး လက်ဆောင်ထုပ်သယ်ကာ ထွက်လာလိုက်တယ်"morning mama☺️"
ဧည့်ကြိုမမကိုနှုတ်ဆက်လိုက်တယ်
"ဟုတ်..ဟုတ် morning ပါ ညမလေး
လှလိုက်တာ ညမလေးရယ် ဘယ်သွားမလို့လဲ""အော် ညမလေး ဘုရားသွားပီး သယ်ရင်းမွေးနေ့သွားမလို့ပါမမ ကောင်းသေးနေ့လေးဖစ်ပါစေရှင့် "
"ကောင်းကောင်းသွားပါ ညမလေး☺️"
"ဟုတ်ကဲ့☺️"ကားငှားပီး ဘုရားကိုလာခဲ့လိုက်တယ်
"ဟူး ကားဝယ်ဉီးမှပဲ သူများမောင်းတာကိုသိပ်မစီးရဲဘူး "
ဟေမာန်က ငယ်ငယ်တည်းကကားမောင်းတတ်တော့ ကိုယ်တိုင်မောင်းရတာပဲသဘောကျတယ် သူများမောင်းတာကို မစီးရဲတာ အကျင့်တစ်ခုလိုဖစ်နေတယ် 😁
ဘုရားရောက်တော့ ပန်းလဲဝယ်ကာ တက်လာခဲ့တယ်
ရင်ပြင်ပေါ်ရောက်တည်းက ဟေမာန်လေး ခင်မျာ နေရခက်လာတယ် ဘာလို့လဲဆိုတော့ သူရောက်တည်းက လူတွေက သူ့ကိုလိုက်ကြည့်နေကြတာကိုး"ဟိုမှာကြည့်လိုက်စမ်း လှရက်လိုက်တာကွာ တော်တော်ကျက်သရေရှိတဲ့ မိန်းကလေးပဲကွာ"
ယောက်ျားတစ်ယောက်ကသူ့သူငယထချင်းတွေကိုပြောလိုက်လေသည်"အေးကွ ဟုတယ်ဟ တော်တော်လှတာပဲ ဒီနေ့ ဘုရားလာရတာတန်သွားပီ ဟီး😁😅"
ဟေမာန်လဲသူ့ကိုယောက်ျားတစ်အုပ်က ကြည့်နေတော့ မနေတတ်တော့ပဲ ခပ်မြန်မြန်လျှောက်လာခဲ့တယ် ဘေးဘီတောင် မကြည့်ပဲ ထွက်လာခဲ့တယ်
ယောကျာ်းလေးတွေမက မိန်းကလေးတွေကပါ ကြည့်နေကြတော့ ဟေမာန်လဲမှာ ဘယ်နားသွားရမလဲမသိဖစ်နေတော့တယ် သူ့ကိုကြည့်နေတဲ့အားလုံးထဲက ထူးခြားတဲ့မျက်လုံးတစ်စု သူ့ကိုလိုက်ကြည့်နေမှန်း ဟေမာန်သတိမထားဖစ်ခဲ့ပေ
STAI LEGGENDO
မထင်မှတ်သောချစ်ခြင်း
Storie d'amoreအခုမှ ပထမဆုံးစရေးတဲ့ Gl ficလေးပါ😁😁 ပထမဆုံးမလို့အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါနော်😙 Titleလေးနဲ့တူအောင် ဇာတ်လမ်းလေးကိုစိတ်ဝင်စားဖွယ် ရေးသွားမှာမလို့ အားပေးကြပါနော်😘😘 ဇာတ်လမ်းအကျဥ်း နှင်းဧကရီကျော် အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက်လှ မြင်သူတကာအားကျ...