အပိုင်း ၁ (ပင်လယ်ထဲမှ သူငယ်ချင်း)
ကျယ်ပြောလှတဲ့ပင်လယ်ပြင်ကြီးသည် နေဝန်းနီနီ ထွက်ပေါ်လာသည်နှင့် တမုဟုတ်ခြင်း အသက်ဝင်လာတော့သည်။ ရေလှိုင်းဖြူဖြူ လှိုင်းကြက်ခွပ်ဖွေးဖွေးတို့က အဖြူရောင်သဲသောင်ပြင်ကို တစ်ချက်တစ်ချက်ရိုက်ခတ်သွားသည်။
ပင်လာ်ပြင်မှ တစ်စုံတစ်ရာရွေ့လျားလာသည်။ ထိုအရာသည် ကမ်းစပ်နှင့်နီးသည်ထက်နီးလာပြီး သဲသောင်ပေါ်ရောက်လာသည်။ အခြားမဟုတ်ဘဲ အသက်၁၀နှစ်အရွယ် ကလေးမလေးဖြစ်နေတော့သည်။
"ကောင်းလိုက်တာ သဲပေါ်က်ိုနင်းရတာကအကောင်းဆုံးပဲ''
သိပ်မကြာခင်မှာပင် သူမရှိရာသို့ ကလေးတစ်စုရောက်လာသည်။ သေချာအကဲခတ်လိုက်သောအခါ သူမဆီသို့လာခြင်းမဟုတ်ဘဲ ပြေးနေသော ကလေးတစ်ယောက်နောက်ကိုလိုက်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ထိုကလေးမှာ ဆံပင်များဖွာလန်ကြဲနေပြီး အဝတ်များကလည်း ညစ်ပတ်ပေရေနေသည်။ ထိုကလေးသည် သဲသောင်ပေါ်တွင် လဲကျသွားပြီး နောက်မှလိုက်လာသောကလေးများက ဖမ်းမိသွားသည်။
"သူတောင်းစား ကောင် မင်းပြေးလို့မရတော့ဘူးမလား ဟမ်''
"ဒီကောင့်ကိုချကြဟေ့''
"သူခိုးကောင် ချကွာ''
ကလေးငယ်များသည် အကာအကွယ်မဲ့နေသော ကောင်လေးကို ဝိုင်းဝန်း ကန်ကျောက်ထိုးကြိတ်နေကြသည်။ ကလေးမလေး ရပ်ကြည့်မနေနိုင်တော့ပေ....
"ရပ်လိုက်စမ်း''
ထိုးကြိတ်နေသော ကလေးငယ်များသည် သူမဘက်သို့လှည့်ကြည့်လာကြသည်။
"နင်ကဘယ်သူလဲ''
"ငါလား ငါက သူ့သူငယ်ချင်းပဲ ငါ့သူငယ်ချင်းကိုလွှတ်လိုက်စမ်း မဟုတ်ရင် ငါ့အကြောင်းသိစေရမယ် ငါ့ဘိုးဘိုးက နင်တို့ကို နှုတ်ခမ်းမွေးနဲ့ ချည်တုပ်ထားပြီး ငါ့မမက ဓားနဲ့ခုတ်လိမ့်မယ် ကိုကိုဂဏန်းက လက်မကြီးနဲ့ညှပ်ပြီး မမပုလဲက အခွံနဲ့ညှပ်ထားလိမ့်မယ်''
နည်းနည်းငယ်ပုံရသော ကလေးသည် သူ့ထက်ကြီးသောကောင်လေး အနားသို့ကပ်၍...
YOU ARE READING
အရှေ့ပင်လယ် မှ အတိတ်ပုံရိပ်များ (unicode+zawgyi)(completed)
Historical Fictionဒီficကိုဖတ်တော့မယ်ဆိုရင် Flamingoရဲ့ first fic ဖြစ်တဲ့ 'ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ' ကို အရင်ဖတ်ဖို့အကြံပေးချင်ပါတယ်။ ဒီအပုဒ်က အဆက်ဖြစ်နေလို့ပါ။ 🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒 အငြိုးတွေကြောင့်နိုးထလာတဲ့ မိစ္ဆာဧကရီ တစ်ယောက် ရန်သူတစ်ယောက်ကိုအသက်ချမ်းသာပေးမိတ...