Sixth

197 23 24
                                    

Zawgyi

"တကယ်က ငါလာချင်လို့လာတာမဟုတ်ဘူး။ နင့်သမီးရယ် နင့်ကောင်လေးရယ် နင့်ညီမရယ်ကို ငါစောင့်ရှောက်ထားတဲံ့အကြွေးလာတောင်းတာ"

Sofaပေါ်တွင် ခြေထောက်ချိတ်ထိုင်ကာ မေးလေးထောက်ရင်း အကြွေးတောင်းနေသည့် Venessa ကို Lim Yaumg အံ့သြတကြီးငေးကြည့်နေလေသည်။

ခရမ်းရောင်တောက်ပနေသော မျက်ဝန်း၊ဘာမထီ အပြုံးကို နောက်တစ်ကြိမ်ပြန်မြင်ခွင့်ရသည့်အတွက် Lim Yaumg ၏ ရင်ထဲတွင် ဖော်မပြတတ်သော ခံစားချက်တစ်ခုပေါ်လာသည်။

"မင်း တကယ် ခရမ်းရောင်ပန်းလေးမလား"

ရင်ထဲတွင် ဆို့နင့်လာသည့်ခံစားချက်ကြောင့်သေနတ်ကိုပစ်ချကာ အနားသို့ ကပ်လာလေသည်။ သူမနှင့်နီးကပ်လာလေလေ အမြင်အာရုံမှာဝေဝါးလာလေလေဖြစ်သည်။

(ဒုက္ခပဲ။ ငါ့ဒဏ်ရာ)

ဒဏ်ရာကြောင့် Venessaနားသို့မရောက်နိုင်ခင် ကြမ်းပြင်ပေါ်လဲကျသွားလေသည်။

"Lim Yaumh!! Lim Yaumg !!! Philipသူဘာဖြစ်တာလဲ သေပြီလား"

Venessa ၏ အလန့်တကြားခေါ်သံကြောင့် Philipမှာ မီးဖိုထဲမှ အလန့်တကြားပြေးထွက်လာရသည်။မှောက်ရက်လဲနေသော Lim Yaumgကို ပက်လက်အနေအထား ထားလိုက်စဉ်တွင် လက်ပေါ်၌ စေးကပ်ကပ်သွေးများပေကျံသွားသည်။

"သူ့ဒဏ်ရာက ပွင့်နေတယ်"

ဓားထိုးခံထားရသည့်ဒဏ်ရာကို ပတ်တီးဖြင့်သေချာစည်းနှောင်ကာ အိပ်ယာပေါ်တင်ပေးလိုက်သည်။ ဒဏ်ရာမှာအနည်းငယ်ပြင်းထန်သဖြင့် Lim Yaumgမှာ နဖူးမှ ချွေးသီးများပင် ကျနေသည်။

"Boss နားလိုက်ပါလား။ ကျွန်တော်ဆက်စောင့်ထားလိုက်ပါ့မယ်"

သို့သော် ခေါင်းမာလှသည့် သူ၏ ခေါင်းဆောင်က သူ့စကားကို နားမထောင်မည်မှန်း ကြိုတင်သိနေပါသည်။

"ရတယ်။ သူနိုးလာရင်စားဖို့ဆန်ပြုတ်ဖြစ်ဖြစ် တစ်ခုခုလုပ်ပေးထားပါလား"

ကျွန်တော်က သက်တော်စောင့်လေ။စားဖိုမှူးမှမဟုတ်တာ ဟုအော်ငိုချင်သော်လည်း မအော်ငိုမိပါ။
သူ၏Bossမှာ အတင်းအကြပ်မခိုင်းတတ်သောကြောင့် ကိုယ်တိုင်ထချက်မည်ဖြစ်သည်။

Midnight Flower (Season 3)Where stories live. Discover now