Part-13

670 72 70
                                    

<Unicode>

"ဘာဖြစ်လို့ရှင်းမပြခဲ့တာလဲ!"

"ဘာဖြစ်လို့ ကျတော့်ကိုလူဆိုးဖြစ်ရအောင်လုပ်ရတာလဲ WAEEE!!"

အိမ်ပြန်ရောက်တာနဲ့ ကိုယ့်ကိုဒေါသတကြီးအော်ဟစ်နေတဲ့ကောင်လေးက သူ့လူတွေရှေ့မှာတင် ထိန်းမနိုင်သိမ်းမနိုင်နှင့်

ဝင်မဆွဲရဲကြတာကြောင့် ရပ်ကြည့်နေရသည်
ကောင်လေးဒေါသကတကယ်လန့်စရာ

"ကိုယ့်ကိုရှင်းပြခွင့်မှမပေးခဲ့တာ"

ကိုယ်ပြန်ပြောလိုက်တော့သူပိုဒေါသထွက်ပြီး ကိုယ့်အကျီစကိုဆွဲဆောင့်ကာ မျက်နှာချင်းထိလုမတတ်ကပ်ပြီး

"အဲ့တော့ ခများကသနားစရာကောင်းတဲ့သူဖြစ်ပြီး ကျတော်ကတော့မကောင်းဆိုးဝါးဖြစ်ခဲ့တာပေါ့"

"..အဲ့လိုမဟုတ်ပါဘူး ကိုယ်က.."

"တောက်!!"

ကိုယ့်ကိုလွှတ်လိုက်ပြီးတောက်တချက်ပြင်းပြင်းခေါက်လိုက်တဲ့ကောင်လေးကိုဒေါသပြေအောင်ဘာလုပ်ပေးရမယ်မှန်းမသိခဲ့

သူ့ကိုအဲ့လိုခံစားရစေမယ်မှန်းသိရင်အစထဲက ရှင်းပြခဲ့ပါတယ်
သိသွားရင်အဲ့လောက်ဒေါသထွက်မယ်မထင်ခဲ့ဘူးလေ
ကောင်လေးရဲ့ပုံစံကကိုယ့်အပေါ်လုပ်ခဲ့တာတွေကိုနောင်တရမဲ့ပုံမပေါ်တာကြောင့်

"ကိုယ် တောင်းပန်ပါတယ်...
မင်းကိုမကောင်းတဲ့လူဖြစ်အောင်လုပ်တာမဟုတ်ပါဘူး..
ကိုယ်ရှင်းပြရင်လဲယုံမှာမဟုတ်တော့..."

"ခများကအရူးပဲ kris.."

ကောင်လေးရဲ့အကြည့်တွေက ခံစားချက်စုံသည်

ဒေါသတွေနဲ့အတူ သူဝမ်းနည်းနေခဲ့တာလား ကျတော်မပြောတတ်

ကောင်လေးကိုဒီလိုတွေခံစားရအောင်ကျတော်မလုပ်သင့်ဘူး
သူ့ဘာသာတောင်ပင်ပန်းနေရတာမလား

အခုလဲ စိတ်ဆိုးမာန်ဆိုးနဲ့အခန်းထဲဝင်သွားတာ လိုက်ချော့ရတော့မှာပေါ့

"ကောင်လေး...ကိုယ့်ကိုကြည့်ပါဥ​ီး"

မျက်မှောင်ကြီးကျုံ့ပြီးဖုန်းကြည့်နေတာကြောင့်အနားကပ်သွားကာခေါ်လိုက်တော့ ဘာလဲ ဆိုတဲ့အကြည့်နဲ့ကြည့်လာသည်

ရှုံးးး(Z And U) completedWhere stories live. Discover now