ZAWGYI
ဒီနေ့တော့ ရှောင်းကျန့် အိမ်မှာပဲနေရတယ် ။
Covid 19ရောဂါကြောင့် work from home စပြီလေ ။ရိပေါ်ကတော့ ပျော်နေတာပေါ့
ကပ်ချွဲနေတာများ ကြောင်ကလေးလိုပဲ..."အွန်း...အင့်...အင့်...အွန်း"
အဆက်မပြတ်ထွက်နေတဲ့ ညည်းညူ သံတွေကြားမှာ အ၀တ်မပါတဲ့ လူသားနှစ်ယောက်က ပူးကပ်နေတယ် ။
အသက်ရှူ သံခပ်ပြင်းပြင်းက ရင်ခုန်လှိုက်မောဖွယ် ။
~ဒေါက်..ဒေါက်~
"သားကြီးရေ..."
အငယ်လေးဆီလက်လှမ်းနေတဲ့ ရိပေါ်ခမျာ တွန့်ခနဲ ။
"ရိပေါ် ဖယ်ဦး...
ဗျာ ပါးပါး"
"အောက်ခဏဆင်းလာပါဦးကွယ်"
"ဟုတ်ကဲ့ ပါးပါး"
ရှောင်းကျန့်က အ၀တ်ဝတ်ဖို့ ပြင်ပေမယ့်ရိပေါ်က မက်မွန်သီးတွေကို မခွဲနိုင်ဘူးဖြစ်နေတယ်
~ဖြန်း~
ရှောင်းကျန့်က ရိပေါ်ရဲ့လက်ကို ဖြတ်ရိုက်လိုက်တယ် ။
"စားရတဲ့ကလေး ငတ်တယ်ဆိုတာ တကယ်ပဲနော်
ဖယ်ပါဦးဟ ... ပါးပါး ခေါ်နေတာကို""ကိုကိုကလည်း ... မောင်က ကိုကို့နားမှာပဲ နေချင်တာလေ"
"ကဲ ... ဒါဆိုလည်း အင်္ကျိလဲပြီး အောက်လိုက်ခဲ့"
ရိပေါ်က မ၀တ်ချင် ၀တ်ချင်နဲ့ အင်္ကျိကောက်ဝတ်လိုက်ရတယ် ။
ဟင့်...
ကိုကိုလူဆိုးကြီး....!!!************************************
"ပါးပါး"
အဖိုးကြီးရှောင်းက ရှောင်းကျန့်ကို ပြုံးကာကြည့်ပြီး ရိပေါ်ကို မြင်တဲ့နောက်မှာ နှာခေါင်းရှုံ့သွားတယ်
ဘာလဲဟ ငါက ကူးစက်ရောဂါသည်ကျနေတာပဲ
"သားရေ ... Covid 19က သိပ်ဆိုးနေတာ သားသိတယ်မလား"
"ဟုတ်ကဲ့ ကျွန်တော်သိပါတယ် ပါးပါး"
"သားတို့ အလုပ်က မနေ့ကစပိတ်လိုက်တာမဟုတ်လား"
"ဟုတ်ပါတယ်"
"ဘယ်လိုမှ မထင်ပါနဲ့ကွာ
သား Home quarantineလေး လုပ်သင့်တယ်လို့ ပါးပါးက အကြံပေးချင်လို့ပါ"
BINABASA MO ANG
ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETED
Fanfiction"မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန့် သွေးအန်လေသတည်း ... "မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန်႕သွေးအန်လေသတည်း ...