Part-14 (Unicode)

2.3K 237 12
                                    

"ရှင်း!!!!!"


ကျွန်တော့်ရဲအသံဟာ မီးဖိုချောင်ထဲ ဟိန်းထွက်လို့သွားလေသည်။ ရှင်းကတော့ မျက်လုံးပြူးမျက်ဆံပြူးလှည့်ကြည့်သည်။ ထို့နောက် သူ့လက်ထဲ ကိုင်ထားတဲ့ ခက်ရင်းကို လက်နောက်ပစ်ပြီး ဖွက်ပစ်လိုက်လေသည်။ ကြမ်းပြင်ပေါ်က ဇလုံတစ်လုံးကိုတောင် သူက ခြေနဲ့ ခုံအောက်ထဲကို ကန်လိုက်သေးသည်။သို့သော် ကြမ်းပြင်ပေါ်ရှိ ကွဲကြေနေသော ကြက်ဥများက ကျွန်တော်ရှေ့မှာ ရှင်းရှင်းလင်းလင်းကြီး။


"ဘာဖြစ်သွားသေးလဲ။ကိုယ့်ကို ပြစမ်း။"


ကြမ်းပြင်မှာ ကျကွဲနေတဲ့ ကြက်ဥတွေကို အရေးမစို်က်အားသေး။ အရင်ဆုံး နောက်ပစ်ဖွက်ထားတဲ့ ရှင်းလက်ကို ယူပြီးကြည့်လိုက်သည်။ လက်မှာ ဘာဒဏ်ရာမှတော့ ရှိမနေ။ တော်သေးတာပေါ့။ မီးဖိုချောင်တဝိုက်ကတော့ ရှုပ်ပွစိတက်နေလျက်။ ကြည့်ရတာ ကျွန်တော့်အတွက် မနတ်စာကို သူကိုယ်တိုင် ထပြင်ဆင်နေပုံရသည်။


"ဟီး။ ဆရာ့အတွက်ပေါင်မုန့်ကြက်ဥကြော်နေတာ။"


ထင်တဲ့အတိုင်းဘဲ။ ရှင်းကတော့ လုပ်ပြီဆိုတဲ့ အကြည့်နဲ့ ကျွန်တော်တစ်ချက် ကြည့်လိုက်တော့ ရှင်းက ဇက်လေးပုဝင်သွားလေသည်။ မနတ်စာ လုပ်ပေးတာ ကျေးဇူးတင်ချင်ပေမယ့် ခုထိတကြိမ်မှ အချိုးပြေပြေမလုပ်နိုင်သေးတာက ပြသနာဖြစ်သည်။ ခွက်ကွဲလိုက်၊ လက်ဓားရှလိုက်နဲ့ တစ်ခုမဟုတ် တစ်ခု ဖြစ်နေတာ ။ ဒီတစ်ခါ ကြက်ဥတွေကွဲရုံမှ အပ ဘာမှ မဖြစ်လို့တော်သေးသည်။


"ပေါင်မုန့်ကြက်ဥမဖြစ်တဲ့အပြင်ကြက်ဥတွေကွဲကုန်တယ်မဟုတ်လား။"


"အမယ်။ ဆရာက ရှင်းကို အထင်သေးနေပြန်ပြီ။ ဟိုမှာ ကြည့်လိုက်။ သုံးခုကြီးများတောင် ကြော်ပြီးပြီ။"သူပြမှ စားပွဲပေါ်လှမ်းကြည့်မိတော့သည်။ တကယ်ဘဲ ပေါင်မုန့်ကြက်ဥကြော်သုံးချပ်က ပန်းကန်ပြားထဲမှာ။ အမြင်ကတော့ မဆိုးပါဘူး။ဒီတစ်ခါတော့ အချိုးပြေပြေမလုပ်နိုင်ဘူးဆိုတဲ့ ကျွန်တော့်စကားကို ပြန်ရုတ်သိမ်းရတော့မည် ထင်သည်။ ရှင်းကိုလှည့်ကြည့်လိုက်တော့ ရှင်းက လက်မလေးထောင်ပြလာသည်။ ဒီကောင်လေးကတော့။ သူ့ဆီမှ မျက်နှာလွှဲလိုက်ပြီး ကြမ်းပြင်ပေါ်က သူဖွခဲ့တာတွေ သိမ်းဆည်းဖို့ တံမြက်စည်းနှင့် ဂေါ်ပြားကိုသာ လှမ်းယူလိုက်သည်။

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedDonde viven las historias. Descúbrelo ahora