1.6K 140 17
""""""""""""""""""
ဒီနေ့က Phi လက်ကိုကျောက်ပတ်တီး
ဖြေမယ့်နေ့..
ပြီးတော့ သူ့ရဲ့မိသားစုနဲ့ Phi ကို
တရားဝင်မိတ်ဆက်ပေးမယ့်နေ့...
Wat နဲ့ကတွေ့ဖူးပြီးပေမယ့်
မေမေနဲ့တော့မျက်နှာချင်းဆိုင်မတွေ့ဖူး
ကြသေးဘူးလေ..
နောက်ထပ်အစီအစဉ်လည်းရှိသေးတယ်..
Khun Huant ပေးထားခဲ့တဲ့ငွေတွေကို
မိဘမဲ့ဂေဟာအချို့ကိုသွားလှူဒါန်းဖို့...
ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီးမှ Gun ရဲ့
တိုက်တွန်းမှုကြောင့် အလှူလုပ်လိုက်ဖို့
ပြန်ဆုံးဖြတ်လိုက်ကြတယ်...
တကယ်တမ်းလည်း ဒီငွေတွေက
သူတို့ရဲ့နာကျင်ရမှုတွေနဲ့ယှဉ်ရင်
နည်းတောင်နည်းနေသေးတယ်မလား..
"Krist....ကိုယ့်ကိုအင်္ကျီဝတ်ဖို့လာကူ
ပေးပါဦး...''
မနက်စာအတွက်ချက်နေရာက
မီးဖိုကိုပိတ်လိုက်ပြီး အိပ်ခန်းထဲသွားလိုက်
တယ်...
အထဲမှာတော့ အင်္ကျီ တစ်ထည်နဲ့တိုင်ပတ်
နေတဲ့ သူ့ရဲ့ Phi
ချင်းမိုင်ကအပြန် ကားအစီးရေအများကြီး
ဆင့်တိုက်မှုဖြစ်ခဲ့ပြီးထဲက
လက်ဖျံရိုးကျိုးပြီး ခြေသလုံးရိုးအက်သွား
ခဲ့တာမို့ အစစအရာရာက သူ့ခြေသူ့လက်ချည်း...
ဒါပေမယ့် သူပျော်တယ်...
သူ့ရှေ့ကဖြူဖြူလုံးလုံးလေးကိုကြည့်ပြီး
Sing မှာတော့အသည်းတယားယား..
ဖဲပွင့်လေးတွေပါတဲ့ Apron က
Krist အတွက် သူတကူးတကဝယ်ပေး
ထားတာ..
အတွန့်လေးတွေနဲ့ မိန်းမငယ်လေးတွေဝတ်တတ်တဲ့ပုံစံမျိုး..
Krist ဝတ်ရင်လည်းချစ်စရာကောင်းမှာပဲ
လို့ သူအတွေးနဲ့မြင်ယောင်ပြီး
ဝယ်ခဲ့တာလေ...
သူထင်ထားတဲ့အတိုင်းပဲ..
အရမ်းအရမ်းကိုချစ်စရာကောင်းတယ်..
"Phi လက်ကြီးက...ဘယ်နေရာရောက်နေတာလဲ....''
ခါးစပ်နားကနေ အင်္ကျီ ထဲလျိုဝင်ဖို့ကြိုးစားနေတဲ့လက်တစ်ဖက်..
ပြီးတော့ အဲ့ဒီလက်ကကျောက်ပတ်တီးစည်းထားတဲ့ လက်...
စိတ်မဆိုးပါပဲနဲ့မျက်မှောင်ကြူံ့ကြည့်နေတဲ့ ကောင်လေးကို လျှပ်တစ်ပြက် လှမ်း
နမ်းလိုက်တယ်...
Rebirth for LoveDonde viven las historias. Descúbrelo ahora