ep4

1.2K 102 1
                                    

Unicode

ဘာလုပ်မို့လဲ 

ကျွန်တော်တို့ သွားလည်ကြမလား

သွားလည်မယ်

ရှောင်ကျန့် ရင်ထဲတွင်လွန်ဆွဲနေမိသည်။ငါသွားချင်တယ် ဒါပေမဲ့လည်း သူနဲ့နီးစပ်သွားမှာကြောက်မိပြန်တယ် ဟင့်အင့် ငါမလည်ချင်ဘူး ဒါပေမဲ့သူက ငါ့ကို တောင်းဆိုနေတဲ့အကြည့်လေးနဲ့ကြည့်နေတယ် ငါသွားချင်ရဲ့လား

ကျန့်ကော ကျန့်ကော ရှောင်ကျန့်အတွေးနွံထဲမှထွက်လာသည်။

နော် ကျန့်ကော လုပ်ပါဗျာ ကျန့်ကောကို ကျွန်တော် ကမ္ဘာကြီးဘယ်လောက်ကျယ်လဲဆိုတာပြချင်တယ် ကျန့်ကော အပြင်ထွက်လေ့ထွက်ထ မရှိဘူးမလား

ရှောင်ကျန့်အတန်ကြာစဥ်းစားနေပြီး

အင်း

ရှောင်ကျန့်အသံမှာတိုးလှသည်။ သို့သော် ရိပေါကြားလိုက်သည်။

Yes!ကျန့်ကောကို ကျွန်တော် ၉နာရီလောက်လာခေါ်မယ် အဆင်သင့်လုပ်ထားနော် ခုတော့ကျွန်တော်ပြန်လိုက်အုံးမယ်  မုန့်တွေစားလိုက်အုံးနော်

ရှောင်ကျန့် ရိပေါ၏အပြုံးလွင်လွင်များကိုတွေ့ရသည့်အတွက် မိမိပါ ပျော်လာမိသည်။ ရှောင်ကျန့် မိမိကို မိမိလည်း အံ့သြမိသည်။ သူ့မှဟုတ်ရဲ့လားတောင်မေးမိသည်။ သူပြောင်းလဲလာပြီ။အဲ့ကလေးကြောင့်လေ ။ပြုံးတတ်လာပြီ။မျှော်တတ်လာပြီ။သူ့ပြုံးရင်ကိုယ်ပါပျော်တတ်လာသည်။စိုးရိမ်တတ်လာပြီ။ သူတကယ်ပြောင်းလဲလာပြီပဲ။
ရှောင်ကျန့် ရီမိသည်။ ရှောင်ကျန့်သိနေပါပြီ ရင်ထဲကအဖြေကိုပေါ့ ဒါပေမဲ့လျစ်လျူရှုထားချင်တယ် ။ဒီအတိုင်းလေး ဒီအတိုင်းလေးပဲ ရှိနေချင်တယ်။
တစ်နေ့ လျစ်လျူရှုလို့မရအောင် နက်ရှိုင်းလာရင် တော့ အဲ့အခါ ငါပြောလိုက်မယ် မင်းကိုချစ်တယ်လို့ပေါ့
...............................................................
ရှောင်ကျန့်  တစ်ညလုံးအိပ်မပျော်ပေ။စနေနေ့ကျရင်လျှောက်လည်မယ်ဆိုတဲ့ရိပေါရဲ့ စကားကြောင့် စိတ်တွေလှုပ်ရှားပြီး အိပ်မပျော်ခဲ့။ ခုတော့ မျက်ကွင်းတွေညိုနေသည်။နဂိုပိန်ပြီးအားနည်းသည့်ခန္ဓာကိုယ်နှင့်ဆိုတော့ မိမိမှာလူမမာရုပ်ပေါက်နေတော့သည်။ဒီရက်ပိုင်းအတွင်းကို ပန်းချီတွေချည်းဖိဆွဲနေသောကြောင့် ပိုပိန်သွားသည်။ရှောင်ကျန့်ရိုးရှင်းသော ဂျင်းနှင့် ရှပ် အကျီအဖြူလေးသာဝတ်လိုက်သည်။ရာသီဥတုကပူနေသည့်အတွက်အနွေးထည်တော့မယူတော့ပေ သို့သော် ဦးထုပ် လေးတော့ယူသွားလိုက်သည်
ရှောင်ကျန့်စိတ်စောစွာ၇ခွဲထဲကပြီးနေပြီဖြစ်သည်။နာရီကြည့်လိုက်ထိုင်လိုက်ထလိုက်လုပ်ရင်းနှင့်ပင် တံခါးခေါက်သံနှင့်အတူရိပေါ၏အသံပါကြားလိုက်ရသည်။

light (hikari)completeWhere stories live. Discover now