"အူကြူးလေး"
"ဟမ်..အူကြူး??"
"အင်း..ဟုတ်တယ်။ ကိုယ့်ရဲ့အူကြူးလေး"
"Liliကလည်း ဘာထဖြစ်တာလဲ။ Young လို့ခေါ်နေကျကို အခုမှ အူကြူးလေးဆိုပြီးတော့"
"အာ...ဒါက ဒီလို Youngပါးလေးကဖောင်းဖောင်းလေးလေ။ ပြီးတော့ ဒီနှုတ်ခမ်းဖူးဖူးလေး အဲ့နှုတ်ခမ်းလေးကိုမြင်ရင်အရမ်းနမ်းပစ်ချင်တာ။ ပြီးတော့ Youngက ကလေးလေးနဲ့လည်းတူတယ်။ အဲ့တာ liliဘာသာ Youngအကြောင်းတွေးရင်းနဲ့ အဲ့နာမည်လေးရလာတာ"
"ဟောတော်...ထူးထူးဆန်းဆန်း"
"အူကြူး..liliရင်ခွင်ထဲလာပါဦး ကလေးလေးရဲ့။"
Chaeyoungလည်း Liliစကားအတိုင်း ရင်ခွင်ထဲကိုခေါင်းလေးတိုးကာဝင်လေသည်။
"Baby...liliကိုချစ်လား"
"ရှင်လည်းလေ ကျွန်မကို နာမည်အမျိုးမျိုးပြောင်းခေါ်နေ သိလား"
"ဘာဖြစ်လို့လဲ။ Liliရဲ့ ဘေဘီ၊ဟန်နီ၊မိန်းမ၊ကလေးလေးဆိုတာက ဟောဒီက အူကြူးYoungလေးပဲရှိတာလေ"
"အင်းပါ။ ရှင်ပဲစကားတတ်နေ"
"ချစ်လားလို့။ baby ဖြေဦးလေ"
"မသိဘူးကွာ"
"ဘာမသိဘူးလဲ။ ပြောကွာ"
"......"
"Babyမပြောဘူးလား။ မပြောရင် ဖက်နမ်းမှာနော်"
"ပြောဘူး"
Liliကိုပြောရင်းပြောင်ပြလိုက်သည်။"ဟာ..ဒီကောင်မလေးတွေ့မယ်"
Chaeyoungကရှေ့ကပြေး Lisaကနောက်ကလိုက်နဲ့လုပ်ရင်း နောက်ဆုံးမိသွားလေသည်။
"ဟားဟား ဘယ်ပြေးမလဲ ကောင်မလေး"
"Lisaလွှတ်နော်။ အဲ့လိုအနိုင်မကျင့်နဲ့ကွာ"
"လွှတ်ပါဘူးနော်။ မရုန်းနဲ့လေ Lili မွှေးမွှေးပေးလို့မရတော့ဘူးလေ"
Lisa Chaeyoungရဲ့လက်နှစ်ဖက် သူမ၏ဘယ်ဘက်လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။
ထို့နောက် ညာဘက်လက်ဖြင့် Chae၏ပါးလက်ကိုခပ်ဖွဖွလေးပွတ်ပေးနေသည်။
"Baby"
မျက်လုံးချင်းဆုံအောင်ကြည့်ကာ"Liliလေ babyကိုအရမ်းချစ်တယ်"
ပြောကာ Chae၏နှုတ်ခမ်းလေးအား ခပ်ကြာကြာအနမ်းခြွေလိုက်သည်။
YOU ARE READING
Youngie🍼❤️
Random*Park Chaeyoungဆိုတဲ့ကောင်မလေးကို Lalisaဆိုတဲ့ကောင်မလေးကသာပိုင်ပါသည်*