Zawgyi
"ရှောင်းကျန့် တစ်ယောက်တည်းကျောင်းသွားလို့ဖြစ်တယ်မလား''
"အင်း ဖြစ်ပါတယ် ဘာလို့လည်း''
"အခုမှတစ်ယောက်တည်း ကျောင်းသွားမှာဆိုတော့ စိတ်ပူလို့ပါ''
"ရပါတယ် စိတ်မပူပါနဲ့ ကျွန်တော်တစ်ယောက်တည်းနေတက်တယ်''
"အင်းပါ အဲ့ဆိုကိုယ်သွားတော့မယ်နော်''
"ဟုတ်''
ရိပေါ်လည်း အခန်းထဲက ထွက်သွားရော ရှောင်းကျန့်တစ်ယောက် ပျော်မြူးပြီးခုန်ပေါက်နေတယ်။
သူ့ကိုရိပေါ်က စိတ်ပူတယ်တဲ့ ပျော်လိုက်တာ ပျော်လိုက်တာ ဟီးဟီး😁။ခမည်းတော်က ဒီနေ့ရိပေါ်ကိုအစည်းအဝေးခန်းမထဲခေါ်ပြီး တိုင်းပြည်အခြေအနေအရပ်ရပ်ကိုဆုံးဖြတ်ခိုင်းဖို့အတွက်ဖြစ်တယ်။
ရိပေါ် ရှောင်းကျန့်ကိုဟိုးတလောကလို ဖြစ်မှာစိတ်ပူပြီး ရှောင်းကျန့်ကို စိတ်မချခြင်းများစွာနဲ့တစ်ယောက်တည်းကျောင်းကိုလွှတ်လိုက်ရတယ်။အစည်းအဝေးစဖို့က နာရီဝက်လောက်လိုသေးတယ်ဆိုတော့ ခမည်းတော်ရဲ့ရုံးခန်းမှာ ခမည်းတော်နဲ့အတူတူထိုင်နေတယ်။
ရိပေါ်မျက်နှာမကောင်းတာကို ခမည်းတ်ာက သိတော့ ရိပေါ်နဲ့မျက်နှာချင်းဆိုင်လာထိုင်ပြီး စကားပြောတယ်။"သားရိပေါ်''
"ဟုတ်ကဲ့ ခမည်းတော် ဘာပြောစရာရှိလို့လည်း''
"ခမည်းတော် ဘာလို့သားကို ထီးနန်းအစောကြီးလွှဲပေးတယ်လို့ထင်လည်း''
"ခမည်းတော် မယ်မယ်နဲ့နှစ်ယောက်ထဲကြည်ကြည်နူးနူးနေချင်လို့မဟုတ်ဘူးလား''
"ဝမ်ရိပေါ်!!!!!''
"ဗျာ!!!''
"ချစ်စရာကောင်းတဲ့ပုံစံလုပ်ပြမနေနဲ့ ငါမင်းကိုအကောင်းပြောမလို့ သေချာနားထောင်စမ်းရိပေါ်''
"ဟုတ်''
ရိပေါ် ပြောင်စပ်စပ်လုပ်ပြလိုက်တော့ မင်းကြီးက ထပ်မပြောချင်တော့တဲ့ပုံစံနဲ့ ထလိုက်တော့မှ ရိပေါ်က မင်းကြီးလက်ကိုဆွဲပြီး မျက်နှာချိုသွေးပြီးရီပြလိုက်တယ်။
YOU ARE READING
ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )
FanfictionYizhan💕 (Zawgyi/ Unicode)