..မင်းကိုအလုပ်ကဖြုတ်လိုက်ပြီေ၇ှာင်ကျန့်
၂၈နှစ်ပြည့်ခါနီးမွေးနှစ်ကလှလှပပပင်
အလုပ်ပြုတ်ခြင်းဟူသောအဖွင့်လက်ဆောင်နှင့်။..အားကျန့် ညနေကျငါတို့လာခဲ့မယ်
တစ်ဖွဲ့ထဲသားချင်းများကိုနှုတ်ဆက်ပြီးပစ္စည်းတွေ
ခပ်မြန်မြန်သိမ်းနေမိသည် ဒီနေ၇ာကမြန်မြန်ထွက်ခွာချင်ပြီဝူး.....
အ၇ှိန်ပြင်းပြင်းဘေးနားက
ဖြတ်မောင်းသွားသောဆိုင်ကယ်ကြောင့်
လူလည်းတစ်ပတ်လည်ကာ
လက်ထဲကပစ္စည်းတွေကဖရိုဖ၇ဲကျကုန်သည်..ခင်ဗျားဘာဖြစ်သွားသေးလည်း
မေးသံနှင့်အတူ ပစ္စည်းကူကောက်ပေးနေသော
ဖြူလွလွ လက်တစ်စုံ။..ဘာဖြစ်သွားလဲမင်းမမြင်ဘူးလား
ဒေါသတ၇ားတို့ဖောက်ခွဲ၇ာက ထိုလူသားလေးဖြစ်ခဲ့သည်
..ကျွန်တော်တောင်းပန်ပါတယ် ခင်ဗျားထိခိုက်သွားမိသေးလား
..မသိဘူး
မကြည်တဲ့စိတ်အခံနှင့်ဘုတောတောလိုက်မိသည်
..အာ့
ပစ္စည်းတွေယူကာထတော့မြတ်ခနဲဖြစ်သွားသောခြေကျင်းဝတ်
..ခင်ဗျားခြေထောက်ထိသွားပြီ ကျွန်တော်ဆေးခန်းလိုက်ပို့ပေးမယ်
နီ၇ဲ၇ဲခြေကျင်းဝတ်ကို ဖွဖွကိုင်ကာဆိုသောကောင်လေးစကားကို
နာခံမိသည်။💜
..ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ
မြစ်ကမ်းဘေးလေတစ်ဖြူးဖြူးကြားမှ
တိုးတိုးတိတ်တိတ်ထွက်လာသောသူ့အသံ..ေ၇ှာင်ကျန့်
..ကျွန်တော်က၀မ်၇ိပေါ်
ပြန်လည်တိုးသိပ်သွားသောအခြေအနေကနှစ်ဦးကြား။
..ခင်ဗျားဆေးသေချာလိမ်းဦးနော်
ကမ်းလာသောဆေးထုပ်ကိုယူကာခေါင်းငြိမ့်ပြလိုက်သည်။
..အာ့ဆိုကျွန်တော်ပြန်တော့မယ်
