နိုးထလိုက်ရတဲ့ ဒီနေ့ မနက်ခင်းဟာ တခြားနေ့တွေနဲ့ မတူ စိတ်ကြည်နူးစရာကောင်းလွန်းနေတယ် ..
အခန်းကထွက်လိုက်တာနဲ့ နှာခေါင်းထဲ တိုး၀င်လာတဲ့ မွှေးရနံ့ကြောင့် ဦးတည်ရာက မီးဖိုခန်းဘက်ဆီ...
Chanyeollie မနက်စာပြင်နေပုံပဲ....
အဝေးကနေပဲ တကုတ်ကုတ်နဲ့ ချက်ပြုတ်နေတဲ့ ခန့်ညားလှတဲ့ ကျောပြင်က တကယ်ကို ရင်ခုန်မှုကို အတိုင်းမသိ ပေးနိုင်စွမ်းတယ် ..
မိနစ်အနည်းငယ်ကြာအောင်ရပ်ကြည့်နေပြီးမှ အလုပ်သွားဖို့ရန် ပြင်ဆင်ရတော့သည်..
ဒီနေ့လည်း သူ ရုံးရှေ့နားထိ လိုက်ပို့ပေးတယ် .. သူ့အတွက် အလုပ်များရတာမှန်ပေမယ့် သူပုံစံက လိုလိုလားလား လုပ်ပေးချင်နေသလို .. ကိုယ်တိုင်ကလည်း သူ့အနားစက္ကန့်အနည်းငယ် ပိုနေချင်တာကြောင့် ဘာမှ မပြောမိခဲ့.. အလုပ်ပိုစေမိပြန်ပြီ...
*message*
အလုပ်စားပွဲရောက်ရင်ပဲ ၀င်လာတဲ့ message ကြောင့် ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ယူကာ ကြည့်လိုက်သည်..
* ဒီညနေ ကိုယ်လာကြိုမယ် စောင့်နေနော် ~*
စာကြောင်းတိုလေးပါပဲ .. ဒါပေမယ့် အဆက်မပြတ် ခုန်နေတဲ့ နှလုံးသားက ရူးခါတော့မလို ..
အသက်အရွယ်ရလာတဲ့အလျောက် ခံစားချက်တွေကို ထိန်းသိမ်းနိုင်ပြီ ထင်ခဲ့ပေမယ့်..
သူနဲ့ ပတ်သတ်တိုင်း တကယ်ကို မရင့်ကျက်နိုင်သေးဘူး ..Lunch time *
Company canteen မှာ department ကအဖွဲ့လိုက် အတူတူထိုင် ထမင်းစားရင်း ခေါင်းစဉ်အမျိုးမျိုးပြောင်းနေရင်းမှ BaekHyun ဆီရောက်လာတယ် ..
"BaekHyun Sunbae က ခုထိ လက်မထပ်ရသေးဘူးမလား ? ချစ်သူရောရှိလား ? ကျွန်မ သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လေ .. သူက Single ရယ် "
" Yarr .. အေးဆေး နေနေတဲ့ BaekHyun Sunbae ကို ဘာတွေသွားပြောနေတာလဲ ? "
" မဟုတ်ပါဘူး .. ငါက Sunbae တစ်ယောက်တည်း ပျင်းစရာကောင်းတဲ့ ဘ၀ကြီးကို ဖြတ်သန်းနေရတာ တကယ်ကို စိတ်မကောင်းလို့ .. Sunbae စိတ်၀င်စားလား ? "
ČTEŠ
Curious Fate 💥 ( Season 2 )
RomanceEverything can be change ... But I hope Our Love never change Chanyeollie ~~ Cover credit to Chanbaek_sister