Part 15

11.5K 1.2K 37
                                    

အမူးသမားလေးကိုသလွန်တော်ပေါ်ပစ်တင်လိုက်တော့
ကောင်လေးက ပါးစပ်လေးလှုပ်စိလှုပ်စိနှင့်
ငြိမ်သွားရှာသည်။

"ရိပေါ်....မသွားပါနဲ့...ရိပေါ်"

လေထဲကိုလှမ်းဖမ်းဆွဲယူနေသည့်
လက်နုနုလေးကိုပြန်လည်အုပ်ကိုင်လိုက်တော့မှ
အကြင်ကောင်လေးက ပြန်ငြိမ်သွားသည်။

မျက်ဝန်းထောင့်က ကောင်လေးရဲ့
မျက်ရည်စတွေကိုသုတ်ပေးရင်း
ရေရွတ်မိသည်က.......

"ငါမင်းကိုချစ်တယ်ရှောင်ကျန့်...."

ဒီစကားကိုသာ အမူးသမားလေးကြားရင်
ဘယ်လိုနေမလဲမသိပေမဲ့ သူကတော့
ရင်ဘတ်ထဲစူးအောင့်လို့နေသည်။

ချစ်တယ်...ရှောင်းကျန်ကို....
ဒါဆို ဝေ့ရင်းကိုကရော.....

သူဝေ့ရင်းကိုလည်းချစ်သည်။
ဒီအမွှေစိန်လေးက ဝေ့ရင်းမဟုတ်မှန်း
ဝေ့ရင်းအိပ်ဆောင်ကိုလာအိပ်တည်းက
သိခဲ့ရသည်။

ရင်ခွင်ထဲကကောင်လေးက သူအိပ်နေပြီ
အထင်နှင့် တရူံ့ရူံ့နှင့်ငိုနေရှာသည်။
ပါးစပ်ကလည်းဝေ့ရင်ကိုတောင်းပန်ကြောင်း
အဆက်မပြတ်ခဲ့.....
သတိရတည်းက အမူယာရော...
အပြုမူရောပြောင်းလဲလို့ သတိထားနေမိခဲ့တာ။

ဒါပေမဲ့ သူဝေ့ရင်းကိုချစ်နေသေးသည်။
ပြီးတော့ ရှောင်းကျန့်ကိုလည်း
ရင်ခုန်နေမိသည်။

"ဝေ့ရင်းကိုချစ်ပြီးမင်းကိုရင်ခုန်နေတဲ့
ငါ့နှလုံးသားကို ငါနားမလည်တော့ဘူး...
ကောင်လေးရာ..."

🎴🎴🎴🎴🎴🎴🎴

"ရောက်လာပြီလားအရှင်..."

ဘုန်းတော်ကြီးကျောင်းအပေါက်ဝမှာ
တစ်ကိုယ်လုံးကို လုံခြုံစွာ
ဝတ်ရုံနှင့်ခြုံထားသည့် လန်ဝမ့်ကျီး။

ဆောင်းလာသည့်ထီးကိုဘေးနားချကာ
လာကြိုဆိုသည့် ဘုန်းတော်ကြီးအား
ပြန်အရိုသေပေးရင်း

"ကျင် ဘုန်းတော်ကြီး...တရားမှတ်နေချိန်များလား"

"သာမာန်ဆိုရင် ဒီအချိန်က ကျင်ဘုန်းတော်ကြီးရဲ့
တရားမှတ်ချိန်ပါ။ဒါပေမဲ့ဒီနေ့တော့
ဘုန်းတော်ကြီးက အရှင်လာရင်
ဝင်ခွင့်ပေးခိုင်းပြီး တရားမှတ်ချိန်နောက်ဆုတ်ထားပါတယ်"

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Onde histórias criam vida. Descubra agora