LD-P41|ချစ်ရတဲ့သူတွေကို ကာကွယ်နိုင်ခဲ့တယ် [Edited Version]

7.6K 544 63
                                    

#unicode

အခန်း(၄၁)| ချစ်ရတဲ့သူတွေကို ကာကွယ်နိုင်ခဲ့တယ်

....ပဲ့တင်သံထပ်တဲ့အထိ ကျယ်လောင်စွာထွက်ပြူလာတဲ့ ကောင်လေးတစ်ယောက်ရဲ့ သူ့အပိုင်ဆိုတဲ့ နာမ်စား‌လေး...။ တစ်ဦးတည်းခေါ်ခွင့်ရှိသော နာမ်စားလေးကို အော်‌ခေါ်သံလေးက နက်ပေမယ့်....

***

ရှင်းယန်ကို လန်ဒန်ရဲဌာနကနေ တရုတ်ရဲဌာနကို လွှဲပြောင်းဖို့ ပေကျင်းလေဆိပ်ကိုဆိုက်တော့။ အမှုကြီးဖြစ်သည့်အပြင်၊ လူစိတ်ဝင်စားခံရမှုနှုန်းမြင့်တက်နေတဲ့ကိစ္စကြီးဖြစ်သည့်အလျောက်၊ အမျိုးမျိုးသောမီဒီယာတွေဆီက သတင်းထောက်တွေ၊ လူထုတွေဟာ အုံ့ကြက်ကြက်နှင့်။ အပြစ်သားမှန်းထင်ပေါ်စေရန် အပြစ်သားယူနီဖောင်းနှင့် မျက်နှာကိုဖုံးထားစေပြီး ရှင်းယန်ထွက်မပြေးနိုင်အောင် လက်နောက်ပြန်ထားကာ လက်ထိပ်ခတ်ထား၏။ တာဝန်ရှိရဲတွေကလည်း အပြစ်သားရဲ့ဘေးမှာဝိုင်းကာပြီး လက်မောင်းတစ်ဖက်တစ်ချက်စီမှာလည်း ရဲအရာရှိနှစ်ဦး၏ ချုပ်ထားခြင်းခံထားရသည်။

တရုတ်ဘက်ကရဲတွေရောက်လာတော့ ဗြိတိန်ရဲတွေက အပြစ်သားကို လက်လွှဲပေးလိုက်၏။ သေဆုံးသူ ဥက္ကဌကြီးရှောင်းလုဖိန်က ဗြိတိန်နိုင်ငံသားတစ်ယောက်၊ အပြစ်သားရှင်းယန်ကတော့ တရုတ်နိုင်ငံသားဖြစ်သည်မို့ တရုတ်ဘက်ကလက်လွှဲယူရသည်ဖြစ်ပေမယ့် အမှုခွင်စစ်ရင်တော့ ဗြိတိန်ကရှေ့နေ၊ အရာရှိတွေနှင့် ကျိန်းသေပတ်သတ်ရဦးမှာပင်။

အပြစ်သားကိုလက်လွှဲပြီးတော့ တရုတ်ရဲတွေက သူ့ကို လေဆိပ်က‌ နားနေခန်းတစ်နေရာမှာ ခဏနေစေတယ်။ အပြစ်သားကို လက်လွှဲယူခြင်း အချက်အလက်အကြောင်းအရာတွေ တစ်ဖက်နဲ့တစ်ဖက် စီစစ်ရပေဦးမည်မို့ သက်ဆိုင်ရာစခန်းကိုသွားပြီး အချုပ်ထဲတန်းထည့်လိုက်လို့မရသေး။ နားနေခန်းရဲ့အပြင်ဘက်တံခါးဝမှာ အစောင့်တွေနဲ့တင်းကြပ်ထားသည်ဖြစ်ရာ ရှင်းယန် ဘယ်လိုမှထွက်ပြေးလို့မရပေ။

“Oh...Ehhh...အိုက်ယား...”

တီကောင်ဆားပက်သလို တွန့်လိမ်နေတဲ့ ရှင်းယန်ကြောင့် အနီးကပ်စောင့်ကြပ်ဖို့ထားထားတဲ့ အမှုစစ်ဦးလေးကြီးက မေးလိုက်တယ်...။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ