ကျွန်မ ဖန်ဆင်းတဲ့ သက်တံ့တစ်ခြမ်း (Unicode)
988 132 18
ကျွန်မ ဖန်ဆင်းတဲ့ သက်တံ့တစ်ခြမ်း
===========================
ဒုန်းခနဲ လက်ထဲမှဖုန်း ပြုတ်ကျသွားတော့မှ သူမပြန်လန့်နိုးလာသည်။ အချိန်ကို ကြည့်တော့ ည ၁၂ ကျော်နေပြီ... သူ့နာမည်ဘေးက မီးလေးကတော့ စိမ်းတုန်း...
"မအိပ်သေးဘူးလား.." ထို message ကို ပို့ဖို့ send ခလုတ်ကို သူမနှိပ်လိုက်တော့ ချက်ခြင်းပင် Reply ပြန်လာသည်။
"ကိုကြီး လိုင်းပေါ်မှာရှိနေသေးတယ်။ သူအိပ်မှ အိပ်မှာ"
ဖုန်း screen ပေါ် ပေါက်ခနဲကျလာသော မျက်ရည်စက် လေးကို သူမလက်မဖြင့်သုတ်လိုက်သည်။
"ကိုယ်လည်း ချစ်အိပ်တဲ့အထိ စောင့်ပေးမယ်" ထိုစာကြောင်းကလေးကတော့ message တစ်စောင်အဖြစ် သူ့ထံသို့ရောက်မသွားပါ။ သူမ၏ များပြားလှစွာသော Only me status များထဲမှ တစ်ခု သာ ဖြစ်သွားခဲ့လေသည်။
သူ့နာမည်ဘေးက မီးစိမ်းလေး ငြိမ်းသွားသည်အထိ စောင့်ပေးဖို့ နားကြပ်ကိုကောက်တပ်လိုက်တော့ ဖွင့်ထားမိတဲ့သီချင်းက Little mix ရဲ့ Lightening သီချင်း....
"I wish I didn't Love you, but I do" ဟူသော သီချင်းစာသား နားထဲဝင်လာတော့ သူမ ပြုံးမိသည်။
ဒီစာသားကို သူမ မကြိုက်ဘူး.. သူ့ကို ချစ်ရတာ ရင်ဘတ်တစ်ခုလုံး စုတ်ပြဲမတတ်နာကျင်ပါစေ.. သူမတစ်ခါမှ မချစ်ခဲ့ရင်ကောင်းမယ်လို့တော့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး.. အမှန်တော့ ချစ်ခွင့်ရတာလေးကပဲ ကျေးဇူးတင်စရာမဟုတ်လား..
သူနဲ့တွေဆုံခွင့်ရခဲ့တာလေး သူ့ရဲ့တည်ရှိမှုလေးကိုပဲ ဘုရားသခင်ကို ကျေးဇူးတင်မိသည်။ အထူးသဖြင့်တော့ သူ့မျက်နှာပေါ်သို့ အပြုံးပွင့်တွေကိုယူလာပေးသော သူ့ရဲ့ကိုကြီးဆိုသူကို တကယ်ပဲ ကျေးဇူးတင်မိပါသည်။
သူ့နာမည်ဘေးက မီးစိမ်းလေး ဟုတ်ခနဲ ငြိမ်းသွားတော့ သူမတီးတိုးရေရွတ်လိုက်မိသည်။
"GoodNight My Sunshine"
ဟုတ်တယ်... သူမရဲ့ အလင်းရောင်လေး... ပြီးတော့ သူမရဲ့သက်တ့ံလေး...
===============================
"စောင့်နေတာကြာပြီလား.."သူက ပြောရင်း သူမ ရှေ့ခုံတွင် ဝရုန်းသုံးကား ထိုင်ချလိုက်ကာ ကြိုတင်မှာပေးထားသော Flat white coffee ခွက်ကို လက်လှမ်းလိုက်သည်။