00

702 51 3
                                    

Unicode

ကောင်းကင်တစ်ခွင် ပြာမနေဘဲ ညှို့မှိုင်းနေသည်မို့ မော့ကြည့်မိလိုက်ပါ၏။" မည်းသောမိုးမရွာ ဖြူသောမိုးမစဲ" ဟုဆိုရိုးရှိသောငြား တိုက်ခတ်လာသည့်လေကို ရှုရှိုက်ရင်း မိုးရွာမည် မရွာမည်ကို သူခန့်မှန်းနိုင်ပါသည်။အေးစိမ့်စိမ့်လေထုနှင့်အတူ မိုးနံ့တွေ ပါလာတတ်တာမဟုတ်ပါလား။ ရှောင်းကျန့်က မိုးရာသီကို သဘောကျတယ်။

ထိုမိုးစက်တို့သည်ပင် သူ့ကိုမွေးဖွားစေခဲ့ပြီး၊ သည်လောကမှာအသက်စရှင်သန်စေခဲ့သလို ငယ်စဉ်ကလေးဘဝ​၏အဖော်မွန်အဖြစ် သူ၏တစ်ကိုယ်လုံးကိုအပျော်တို့ဖြင့် အေးချမ်းစေခဲ့ပါ​၏။ တစ်ခုသော မိုးဥတုတစ်နေ့မှာ မွေးဖွားခဲ့သည်မို့ သည်မိုးကို သူချစ်တတ်ခဲ့တာပင်။ ဟိုးယခင်ကလေးငယ်ဘဝမှစ၍ ယခုအရွယ်တိုက် မိုးရွာသွန်းတိုင်း ဖားကလေးတို့အော်မြည်သံကြားရတိုင်း၊ ကောင်းကင်ထက်မှမိုးခြိမ်းသံမြည်ဟီးတိုင်း စိတ်ထဲမှအလိုလိုကြည်နူးလာတတ်တာပါလေ။

သဘာဝတရားကြီးက ဖန်ဆင်းထားသောငြား ဒီမိုးရာသီကိုလူတိုင်းနှစ်ခြိုက်ကျတာမှ မဟုတ်တာ။ များသောအားဖြင့် မိုးတွင်းမှာ လျှပ်စီးလက်သည်ကိုမြင်ကြတိုင်း သို့တည်းမဟုတ် ကောင်းကင်ထက်မှဂျိန်းခနဲ အော်မြည်တိုင်း အလန့်တကြားဖြစ်သွားတတ်ကြတာပါလေ။ပြီးတော့ မိုးရွာထဲထီးဆောင်းထွက်ရတာမျိုး၊ ရေတောထဲ ရေအိုင်ထဲလမ်းလျှောက်ရတာ မုန်းတီးသူတွေ များပြားလှပါပေ့။

ရှောင်းကျန့်ကဖြင့် ထိုသို့မဟုတ်ပါလေ။ လေပြည်သွေးလာတိုင်း မျက်စိစုံမှိတ်ကာ လေကိုတဝကြီးရှုရှိုက်လိုက်ပါ​၏ ။ထိုလေထဲမှ အေးစက်စက်ခံစားမှုနှင့်အတူ မိုးနံ့ကိုရှုမိတာလေ။ အဲဒီအခါ အလိုလိုနေရင်း မျက်နှာထက်မှာ အပြုံးတွေပွင့်လာတာမဟုတ်ပါလား။ ထိုအပြုံးနုနုကြောင့် ပါးပြင်ထက်လှစ်ခနဲပေါ်လာတတ်သည့် ပါးချိုင့်လေးတွေ လက်ခနဲဖြစ်လာတဲ့နှုတ်ခမ်းအောက်က မှည့်နက်လေးက သူ့အလှကို ပိုပြီးပံ့ပိုးထားသည့်နယ်ဖြစ်နေတာပါလေ။

အဆောင်ပြတင်းပေါက်ကို အသံမမြည်အောင်ဖွင့်လိုက်ပါ​၏။ လေတိုးဝင်လာသည်ထင့်၊ တစ်ဖက်ကုထင်ထက်အိပ်နေသည့် ကျိုးချန်က စောင်ခြုံပြီး ခပ်ကွေးကွေးလေးဖြစ်သွားလေသည်။ နှစ်ယောက်ခန်းဖော်ဖြစ်သည့် ကျိုးချန်နဲ့အလုပ်မတူပေမယ့် သူတို့ကဝီရိယပိုသူမို့ အမြဲတမ်းခပ်စောစောထတတ် အကျင့်ရှိနေတာကိုး။

HanahakiWhere stories live. Discover now