'ကျန့်ကော... ခင်များလူလည်မကျနဲ့´
'ရိပေါ်ကလည်း.... ငါမဝလို့ပါ..´
'ခင်များမဝရင် နဂိုကတည်းက ကြက်ဥ၂လုံးထည့်ပါလား၊
ဘာလို့ ကျွန်တော့်ဟာလာနှိုက်နေတာလဲ´'ရိပေါ်... ခေါက်ဆွဲပြုတ်က ကြက်ဥတွေအလျှံအပယ်ထည့်ရင်လည်းမကောင်းဘူး၊ သူ့အချိုးအစားနဲ့သူမှ´
'မသိဘူးဗျာ....ကျွန်တော်လည်းစားချင်သေးတာပေါ့´
'ရိပေါ်...ရိပေါ် အာ....´
ဒီလောက်မကျွေးပါဘူးငြင်းနေတဲ့ကြားက
ပါးစပ်ကြီးဟ ရှေ့တိုးလာပြီး ခွံ့ကျွေးခိုင်းနေတဲ့
ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်တိုသွားတယ်။
စိတ်တိုတိုနဲ့ ခေါက်ဆွဲပြုတ်ထဲက ရိပေါ်ကြက်ဥအနှစ်ကိုဆယ်ပြီး
ခွံ့ကျွေးလိုက်သည်။'အင့်..´
သူ့ကြက်ဥအနှစ်ကိုအရင်ကုန်အောင်စားပစ်ပြီး
ရိပေါ်ရဲ့ကြက်ဥကိုပါလာဗိုလ်ကျနေတဲ့ရှောင်းကျန့်က
ရိပေါ်ခွံ့ကျွေးလာတဲ့ကြက်ဥကို တမြုံ့မြုံ့နဲ့စားပြတယ်။
သူသိတယ်..သူသာချွဲလိုက်ရင် အရှေ့ကအဖြူလုံးလုံးလေးက
ငြင်းဆန်နိုင်ရိုးလား။
အမြဲတမ်း ကြက်ဥအနှစ်ကိုဗိုလ်ကျပြီးလုတတ်မှန်းသိလျက်နဲ့
အပိုမထည့်ဘဲ နှစ်လုံးပဲထည့်ပြုတ်တဲ့မင်းကမှအပြစ်ရှိတာရိပေါ်။'တိတိ...ကျန့်ကောအိုက်နိ´
'ဟွန့်´
ရှောင်းကျန့်ဟာ ရိပေါ်အတွက်တော့ သောက်ကျိုးနည်းကြီး။
ဘုရားစူးအကြီး...တက္ကသိုလ်ကို ကျောင်းလာကြိုခိုင်းတယ်၊
ဟင်းချက်ကျွေးခိုင်းတယ်၊ ဘယ်တော့မှ အငယ်ဖြစ်တဲ့
ရိပေါ်ကိုညှာမယ်မရှိဘူး၊ တစ်နေ့တစ်မျိုးမရိုးအောင်
သူကအရင်ဂျီကျနှိပ်စက်အချွဲပိုနေတာ။
အခုလည်း ရှောင်းကျန့်ကိုကျောင်းကနေသွားကြိုလာပြီး
ရိပေါ်အိမ်မှာ အဆာပြေခေါက်ဆွဲပြုတ်စားနေကြတာ။