part 21

317 19 0
                                    

Unicode
အတူရင်ဆိုင်ကြမယ်

လှပတင့်တယ်ပြီး အထက်တန်း
ဆန်လှတဲ့စားသောက်ဆိုင်ကြီး
သာမာန်လူတွေတောင်မလာနိုင်
တဲ့နေရာတစ်ခုကိုဒေါ်သူဇာမြတ်
ရောက်လာခဲ့သည်
ဆိုင်ထဲဝင်လိုက်သည်နှင့်ကြီးမား
သောမီးဆိုင်းကြီးများနဲ့အတော်ကို
လှပသည်
ဒေါ်သူဇာအရှေကခုံမှာထိုင်နေသော
ဒေါ်ဒေစီနဲ့သူ့ယောက်ျားဦးဌေးသူ
ကိုချိုသာဆုံးပြုံးပြလိုက်သည်

ဒေါ်ဒေစီဆိုတာလုပ်ငန်းလောက
မှာနမည်ကြီးသည်
ဆင်းရဲသားတစ်ယောက်ကိုယူပြီး
မြေတောင်မြှောက်ပေးထားသည့်
မိန်းမတစ်ယောက်ဖြစ်သည်
ဒေါ်သူဇာကပါရဂူတစ်ယောက်
ဖြစ်သည်
စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သတ်
ရင်စိတ်မဝင်စားခဲ့
ဒါကြောင့်လည်းဘုန်းမြတ်အသက်
ငယ်စဥ်ကတည်းကဒေါ်သူဇာသူ
အုပ်ချုပ်ရမယ့်လုပ်ငန်းများကိုဘုန်း
မြတ်လက်ထဲယုံကြည်စွာအပ်ထား
ခြင်းဖြစ်သည်

ဒေါ်ဒေစီသည်လူတိုင်းကိုမတန်သလို
ဆက်ဆံတက်သည်
ဒါကလည်းအရင်မိမိယောက်ျားနဲ့အတူ
ညစာစားပွဲတက်တုန်းကတွေ့ဖူးလို့
သိတာဖြစ်သည်
အခုဒီကိုဖိတ်တာကလည်းတခြား
အကြောင်းမဟုတ်မိမိတို့သားအမိကို
ညစာကျွေးချင်ပါသည်ဆိုလို့လာရ
ခြင်းဖြစ်သည်

"အမရောက်လာတာမြန်သားဘဲ
သမီးကတော့သားဘုန်းမြတ်နဲ့
လာခဲ့မယ်တဲ့"

"အမကိုသားပြောပါတယ်"

"အမကောအဆင်ပြေရဲ့လား
အမလည်းတစ်ယောက်တည်း
ရုံးနေရတာလေ"

"အိုးးးအမတစ်ယောက်တည်း
ရုံး​တာမဟုတ်ပါဘူး
သားကသိတက်တယ်
လုပ်ငန်းတွေလည်းသူဘဲဦးစီး
နေလို့ ကိုဘုန်းကလည်းကူပေး
နေတယ်လေ"

"ကိုဘုန်းနဲ့အမလည်းကွဲတာကြာ
ပြီနော်သူလည်းစင်ကာပူမှာ
နောက်အိမ်ထောင်နဲ့အဆင်ပြေ
နေရောပေါ့ ဟင်းဟင်းသူကသိပ်
တော်တယ်ကြားတယ်
ပြီးတော့သူကအမသူငယ်ချင်းအရင်း
ကြီးဆို"

ဒေါ်သူဇာဒေါသထွက်မိသည်
သူပြောတာလည်းမမှားတော့ဒေါ်သူဇာ
ပြုံးသာပြလိုက်သည်
ကိုဘုန်းနဲ့သားပေါ်မိမိတာဝန်မကျေ
တာကိုသိသည်
အရင်ကကိုယ့်မိသားစုထက်လူနာ
တွေကိုသာဂရုစိုက်ပေးမိသည်
နောက်ပိုင်းကိုဘုန်းကကွာရှင်းခွင့်
တောင်းခဲ့ချိန်ကလည်းသွေးအေးအေး
နဲ့ကွာရှင်းပေးခဲ့သည်
ကိုဘုန်းကကွာရှင်းပြီးပိုင်ဆိုင်မှုတစ်
ဝက်ကိုမိမိအတွက်လွဲပေးခဲ့ပြီး
စင်ကာပူကိုထွက်သွားခဲ့သည်
အခုသားဘုန်မြတ်ဦးဆောင်တဲ့sup
ကုမ္ပဏီ အပါအဝင်ပေါ့
သားကိုဦးဆောင်ခိုင်းတာကြောင့်
သားကိုခုချိန်ထိကိုဘုန်းကနောက်
ကနေထောက်ပံ့ပေးနေတုန်းဖြစ်သည်

Atar Where stories live. Discover now