part(8)

37.8K 4.4K 145
                                    

ကားနောက်ခန်းတွင်ရှိသော အထုပ်ကြီး အထုပ်ငယ်လေးများသည် စုစုပေါင်း ၆ လုံးတောင်...
ပိုင်ဇေ၏မျက်နှာသည်ရှုံ့တွသွားကာသူ့ဘေးတွင် ရပ်နေသော မိမွန်နှင့်ခွန်းသကိုပြူးပြီးမေးလိုက်သည်။

" Ok...ဒါတွေကဘာတွေလဲ ဆိုတာငါ့ကို တဆိတ်လောက်ရှင်းပြကြပါအုန်း"
ခွန်းသက ပုခုံးတွန့်ပြပြီး မိမွန်ဘက်ကို မျက်လုံးထိုးပြသည်။မေမြတ်မွန်သည် မှိုရသောမျက်နှာလို ရွှင်ပျနေပြီး လက်ညိုးကလေးတထိုးထိုးနှင့်ပြောတော့သည်။
"ဒါက နင့်ဖိနပ်အိတ်! ဒါကနင်းဘောင်းဘီအိတ်! ဒါက နင့် အင်္ကျီ အပါး တွေ ထည့်ထားတဲ့အိတ်! ဟောဒါက အင်္ကျီထူ အိတ်! ဒါက လက်တော့ပ်တွေ မောက်စ်တွေ ထည့်ထားတဲ့အိတ်! ဒါက နင့် skin care အိတ်!ဘယ်လိုလဲ ငါတော်တယ်မလား!"

ပိုင်ဇေသည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အဆုံးထိသည်းခံထားရသောမျက်နှာဘေးဖြင့် လက်ခုပ်ကို တဖြောင်းဖြောင်းမြည်အောင်တီးလိုက်သည်။ထို လက်ခုပ်သည် မိမွန်ကို မရိုက်လိုက်ရ၍ လက်ဖဝါးခြင်း အာသာဖြေပေးတဲ့သဘော!! မိမွန်သာယောင်္ကျားလေးဆိုရင် ဒီနေရာမှာ လှိမ့်ကန်ပစ်တယ်!! အိမ်ပေါ်ကနေ တသက်လုံးများဆင်းခိုင်းစေချင်နေသလားပဲ..
ဒါဟန်ပြလေ..ဟန်ပြဆင်းလာတာဟဲ့ မသာမရဲ့!!!
ပိုင်ဇေစိတ်ထဲက နေအကြီးအကျယ်အော်ဆဲလိုက်ပြီး ပြုံးပြုံးလေးနေလိုက်သည်။
"မိမွန်ရယ်... နင်ကငါ လင်နောက်လိုက်ဖို့ ပစ္စည်းတွေစုလာပေးသလားအောင်မေ့ရတယ်"

မေမြတ်မွန်သည် မိမိကိုရွျဲ့ပြာနေသောပိုင်ဇေကိုကြည့်ပြီး ရီချင်စိတ်ကို မနဲအောင့်ကာအတည်ပေါက်နှင့်ပြန်နောက်လိုက်သည်။

"အေးနော်... နင်လင်နောက်လိုက်ရင်လည်း ငါတို့ပဲ ကူညီရမဲ့တူတူ.. အခုတည်းက လိုက်သွားပါလား!"

"မိမွန်!!"

"အာ...စတာစတာ...နင်ဘာယူမယ်မှန်းမသိလို့ တွေ့သမျှအကုန်ထည့်လာတာပေါ့..လိုတာပဲခွဲယူလေ...နင်ကလည်း"

ပိုင်ဇေ သူမကိုမျက်စောင်း တချက်ထိုးကာ အိတ်တွေကိုဖွင့်ကြည့်ပြီး ထုတ်သင့်သည်များကို ထုတ် လိုအပ်သည်များကို ပေါင်းထည့်လိုက်သည်။skin care set က မပါမဖြစ်။ ဒီရက်အတွင်း အရက်သောက်လိုက် မူးလိုက်ရူးလိုက်နှင့် စကွင်းတောင်မခဲရဘူး... အိုစာတော့မှာပဲ..မလိုအပ်သလောက်ကို ဖယ်ထုတ်လိုက်ာတောင် အိတ်က သုံးထုပ်ကျန်နေသေးသည်။မတတ်နိုင်... အခုမှသေချာတွေးမိတော့သည်။ငါတော်တော်ချမ်းသာပါလား... ဖိနပ်ပါင်းသောင်းခြောက်ထောင်..
G-dragon က ဖိနပ်ထုတ်တော့လဲ အမောတကော လိုက်ဝယ်ရတာ...Chanyeol ကြွားသမျှ ဖိနပ်တွေကိုလည်းကြိုက်လွန်းလို့ လိုက်မှာလိုက်ဝယ်ထားရတာ...အရင်တုန်းက ချမ်းသာသလောက် ခုတော့စောက်မွဲ!!

My Boyfriend is a traffic policeWhere stories live. Discover now