#Zawgyi
အချစ်ဦးဆိုတာဘယ်လိုလူမျိုးကိုခေါ်တာလဲ? ပထမဆုံးတွဲခဲ့ဖူးတဲ့သူလား?ပထမဆုံးနမ်းခဲ့ဖူးတဲ့သူလား?
ဒါမှမဟုတ်ချစ်တယ်လို့ပထမဦးဆုံးပြောခဲ့ဖူးတဲ့သူကိုလား?အင်းကျွန်တော့အတွက်ကတော့အချစ်ဦးဆိုတာ
ပထမဆုံ ကိုယ့်ရန်ခုန်သံကိုပြန်ကြားရအောင်
လုပ်ပေးခဲ့တဲ့သူဘဲ......_...._..._..._..._..._..._..._..._..._..._..._..._...._...
"ဒီနေရာထိုင်မယ့်သူမရှိရင်ငါထိုင်လို့ရမလား"
အနည်းငယ်ကျယ်လောင်တဲ့အသံနဲ့အတူ ခုံပေါ်မှာ
မှောက်အိပ်နေတဲ့သူ့ကိုအတင်းလှုပ်နိုးနေတာကြောင့် Jungkook မျက်လုံးလှန်ကြည့်လိုက်သည်။"ဟီး မရှိဘူးမလားငါထိုင်ပြီနော်"
ဘာမှတောင်ပြန်မပြောရသေးဘဲ သူ့သဘောနဲ့သူဝင်ထိုင်လိုက်တာကြောင့် Jungkook "အင်း" လို့ဘဲ ပြန်ပြောလိုက်သည်။
ဒီလောက်နေရာတွေအများကြီးရှိနေတာတောင်မှ
သူထိုင်နေတဲ့နောက်ဆုံးတန်းကိုလာထိုင်ချင်နေတဲ့
သူကရှိသေးတယ်။"ငါက Taehyung ပါမင်းကရော"
ပြုံးဖြဲဖြဲနဲ့နှုတ်ဆက်နေတဲ့ Taehyung ဆိုတဲ့
ကောင်လေးကိုတစ်ချက်ကြည့်လိုက်ပြီး"Jungkook" လို့Jungkookပြန်ပြောလိုက်သည်။
"မင်းကဒီနှစ်မှပြောင်းလာတာဖြစ်မယ်ငါမင်းကိုအရင်ကမတွေ့ဘူးပါဘူး"
့ဘေးနားမှာတတွတ်တွတ်ပြောနေတဲ့ ဒီကောင်လေးကို Jungkook တော်တော်သည်းခံနေရလေသည်။
"အင်း ဟုတ်တယ် "လို့ တိုတိုတုတ်တုတ်ဘဲပြန်ဖြေပေး
လိုက်သည်။
ဒါတောင်ဒင်းကဘေးနားကနေစကားအဆက်မပြတ်
ဆက်ပြောတုန်း...သူကိုယ်တိုင်ကိုက သူငယ်ချင်းအပေါင်းအသင်းလွယ်လွယ်မထားတတ်တဲ့သူမလို့ ဘေးနားကနေမေးသမျှကို
ဟက်ဟက်ပက်ပက်မရှိဘဲ "အင်း" "ဟင့်အင်း" လောက်ဘဲပြန်ဖြေနေမိသည်။ဒီနေ့ကအထက်တန်းနောက်ဆုံးနှစ် ပထမဆုံး
ကျောင်းဖွင့်ရက်။
တကယ်ဆိုသူဒီမှာရှိမနေသင့်ဘူး ကျောင်းဖွင့်ခါနီးမှ
အလုပ်အပြောင်းအရွေ့ ကျလာတဲ့အမေ့ကြောင့်သာ
သူငယ်ငယ်ထဲကတတ်လာခဲ့တဲ့ကျောင်းကိုထားခဲ့ရပြီး
အခုလိုကျောင်းအသစ် မှာလာတတ်နေရသည်။