Ep 3

1.8K 174 2
                                    

#Unicode#

December. 3. 2017

အောင်မှတ်မိသေးလား။ မြင့်မြတ် အောင့်ကို စပြီးဖွင့်ပြောတဲ့နေ့ကလေ မြင့်မြတ် အိမ်နဲ့ ပြဿနာ တက်လာခဲ့သေးတာ။ ဒါပေမဲ့လို့ မြင့်မြတ် စိတ်မပူပါဘူး။ ဘာလို့လဲဆို ကိုယ်ချစ်တဲ့ သူနဲ့ ချစ်သူဖြစ်မှာဆိုတော့လေ။ မြင့်မြတ်လေ အောင့်ကို သာမန်လူတစ်ယောက်လို ချစ်ချင်တယ်။ မြင့်မြတ်က တက်သစ်စ modelမလို့ ဖုံးကွယ်ပြီး မချစ်ချင်ဘူး။ အဲ့တာကြောင့်မလို့ မြင့်မြတ် ပြောတာပေါ့။ မြင့်မြတ်ကို ကာကွယ်ပေးနိုင်မလားလို့။

*****

"ဒါ.....ဒါ....ဘယ်သူ ရေးသွားတာလဲ မြင့်မြတ်က သတ်တာ မဖြစ်နိုင်ဘူး"ဆိုပြီး ပြောကာ တိုက်ခန်း အပြင်သို့ ထွက်ကာ ဘေးဘီကို လှည့်ကြည့်နေတော့သည်။ ဒါပေမယ့်လို့ မနက်ခင်းဆိုတော့ တစ်ယောက်မှ ရှိမနေဘူးလေ။

"ဒါ....ဒါဆို ငါ့အခန်းထဲကို ဘယ်သူက ဘယ်လိုဝင်လာတာလဲ။ ငါဒါကို ဖျက်ပစ်လိုက်ရမလား ရဲတွေ လာတွေ့ရင်ပြဿနာ ဒီထက် ကြီးသွားနိုင်တယ်" ဆိုကာ အောင်နိုင်သူ မဖျက်ခင် ဓာတ်ပုံ ရိုက်လိုက်လေသည်။ ဓာတ်ပုံရိုက်ပြီးလို့ မကြာပါဘူး ဖုန်းလေးမြည်လာတော့သည်။

ဖုန်း မျက်နှာပြင်ကို ကြည့်တော့ "အမေ" ဆိုပြီး ပေါ်နေလေသည်။ မြင့်မြတ်အမေ တစ်ခုခု ဖြစ်လို့များလား ဆိုပြီး အောင်နိုင်သူ ချက်ချင်း ဖုန်းကိုင်လိုက်သည်။

"ဟယ်လို...အမေ"

"သားရယ် ဆေးရုံမှာ ရဲတွေရောက်နေလို့ သားလာပေးပါလား"

"ဟုတ်ကဲ့ အ‌မေကျွန်တော် အခုချက်ချင်းလာခဲ့ပါ့မယ်" ဆိုပြီး မျက်နှာကို ရေစွတ်လိုက်ကာ အနွေးထည်လေးထပ်ပြီး တိုက်ခန်းကနေ ထွက်လာခဲ့တော့သည်။

ထွက်လာတဲ့ အချိန်က မနက်ခင်း ဆိုပေမယ့်လည်း ကိုးနာရီလောက် ရှိနေပြီဖြစ်တာကြောင့် ကားလမ်းတွေ ပိတ်နေတော့သည်။ မကြာလိုက်ပါဘူး ကားလမ်းတွေ ရှင်းသွားတော့ ဆေးရုံကို အမြန် မောင်းသွားလိုက်တော့သည်။ ဆေးရုံ၀င်းထဲ ကားရပ်လိုက်ပြီး အောင်နိုင်သူ မြင့်မြတ်သူ အခန်းကို တန်းတန်းမတ်မတ် သွားလိုက်လေသည်။ မြင့်မြတ်အခန်းရှေ့ကို ရောက်တော့ အခန်းတံခါးက ဖွင့်နေလေတော့သည်။ ဒါနဲ့ အောင်နိုင်သူလည်း အထဲ၀င်သွားပြီး ရဲမှူးကြီးလို့ ဖြစ်ဟန်သူသည့် သူနားသွားကာ

If(အကယ်၍...)/{complete}Onde histórias criam vida. Descubra agora