#Unicode#
"သေစမ်း.....သေစမ်း........ငါက ငါ့ကို မချစ်တဲ့ သူအတွက်နဲ့ ဘာလို့ခံစားနေရမှာလဲ၊ ဘာလို့ငိုနေရမှာလဲ" ဟု ရေရွတ်ရင်း ရန်နိင် တစ်ယောက် မျက်ရည်များ ကျလာလေတော့၏။
"မလုပ်နဲ့......မြင့်မြတ် မသေချင်သေးဘူး၊ လည်ပင်းကို ညစ်ထားတာ ရပ်ပါတော့ မွန်းကြပ်လာလို့ပါ။ ရပ်ပါတော့"
မြင့်မြတ် တစ်ယောက် မိမိခန္ဓာကိုယ်ကို ကြည့်ကာ ဘေးကနေ အော်နေတော့သည်။
ရန်နိုင်တစ်ယောက် လည်ပင်းကို ညစ်ထားရာကနေ လက်ကို တစ်ဖြည်းဖြည်း ဖြေလျော့လိုက်လေသည်။ ဘေးမှာ ရပ်နေတဲ့ မြင့်မြတ်မှာတော့ ရန်နိုင်ကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်သွားလေသည်။
"မြင့်မြတ် စောင့်နေပေးပါ။ ဒီအတိုင်းလေး မင်းကို ဒီကနေ ခေါ်ထုတ်သွားမှာ မလို့ပါဘဲ" လို့ပြောကာ ရန်နိုင် မျက်မှန်အမည်းနဲ့ အုပ်ထုတ်ကို ဝတ်ကာ ဆေးရုံအခန်းကနေ ထွက်သွားလေသည်။ မြင့်မြတ်လည်း ရန်နိုင် အနောက်ကနေ လိုက်သွားပေမယ့် မမှီလိုက်တော့။ ပြေးသွားလို့ ထင်သည်။ အရိပ်အရောင်တောင် မတွေ့ရတော့။
ဒေါ်မြင့်စိန် တစ်ယောက် ဆေးရုံကိုလာတဲ့ အချိန်တွင် လူတစ်ယောက်နဲ့ ဝင်တိုက်မိလေတော့သည်။
"အား.....ဆောရီးအန်တီ။ ကျွန်တော် အလျင်လိုနေလို့ တောင်းပန်ပါတယ်" ပြောကာ ထိုတိုက်မိတဲ့သူ ထွက်သွားတော့သည်။
"အေကွယ်" လို့ပြောကာ ဒေါ်မြင့်စိန် ကိုယ့်ဘာသာ ထလိုက်ပြီး မြင့်မြတ်ရှိတဲ့ အခန်းကို သွားလိုက်သည်။
အခန်းထဲ မ၀င်ခင် အပြင်ကနေ အသံတွေ ဆူဆူညံညံ ကြားနေရလေသည်။ ဒါနဲ့ဘဲ ဒေါ်မြင့်စိန် လောလောပျာပျာဖြင့် ဆေးရုံ အခန်းတံခါးကို ဖွင့်လိုက်သည်။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါ်မြင့်စိန် ကြက်သေ သေသွားသည်။ ဆရာ၀န်တွေနဲ့ နာ့စ်တွေက မြင့်မြတ် ခန္ဓာကို တစ်ခုခု လုပ်နေလို့ဘဲလေ။
"1..2...3...4...5...6....7...8...9..10 မြန်မြန် CPR(အရေးပေါ် အသက် ပြန်ရူလာစေနည်း) ကိုအဆက်မပြတ်လုပ်နေ 1...2..3...4......."
YOU ARE READING
If(အကယ်၍...)/{complete}
AdventureAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...