To my TaeHyung,
ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်လွန်းတယ် အကို။
အစကတော့ သာမန်လေး သဘောကျမိရုံပဲ။
အချိန်တွေကြာလာတာနဲ့ အမျှ ခံစားချက်တွေက ပြောင်းလဲလာတာ။ ကိုယ့်ကို ကိုယ်တောင် မယုံကြည်နိုင်လောက်အောင်ပဲ။- လွမ်းတယ်
- သတိရတယ်
- တွေ့ချင်တယ်
- အသံလေးကြားချင်တယ်
- ကာကွယ်ပေးချင်တယ်
- မျက်နှာလေးကို အချိန်တိုင်း မြင်ချင်တယ်။
- ဘာလုပ်လုပ်အတွေးထဲရောက်လာတယ်
- တစ်ခါတစ်လေ အကြောင်းရင်းမရှိ ငိုချင်လာတယ်။မဖြစ်နိုင်မှန်း သိတဲ့ လူတစ်ယောက်ကို
ချစ်ရတာ ပင်ပန်းတယ် တဲ့။
ဒီစကားက မှန်လား မှားလား ညီမ မသိဘူး အကို။
ညီမကတော့ ဒီလို ဘဝလေးမှာပဲ နေသားကျ
နေခဲ့တာ ကြာပါပြီ။ကိုယ့်ဘေးနားမှာရှိနေတဲ့ သူတွေကိုတောင်
ယောကျာ်းလေးလို့ မမြင်နိုင်တော့တဲ့အထိ
အကို့တစ်ယောက်တည်းကိုပဲ ညီမ ရူးသွပ်ခဲ့ပါတယ်။အကို့မကောင်းကြောင်းလူတစ်ချို့ပြောကြတဲ့အခါ သတ်ပစ်ချင်လောက်အောင် မုန်းတီးမိတယ်။
အကိုဟာ စိတ်သဘောထား အရမ်း
ပြည့်ဝပြီး လှပတဲ့ စိတ်ဝိညာဉ်လေးရှိတာကို
ညီမ သိပ်သိတာပေါ့ အကို။ဘယ်သောအခါမှ ကိုယ့်ခံစားချက်ကို ရှေ့တန်းမတင်တတ်တဲ့ အကို့ကို စိတ်ပူနေရတာလည်း အရူးလိုပါပဲ။
ဖြစ်နိုင်ရင် အကို့ရင်ထဲဝင်ကြည့်ပြီး
မကောင်းတာမှန်သမျှ အကုန်ဖယ်ရှားပေးချင်လိုက်တာ
ကောင်းမွန်တဲ့ အရာတွေ နဲ့ပဲ ဖြတ်သန်းသွားစေချင်တယ်။ညီမသိပ်ချစ်ရတဲ့ အကိုထယ်ယောင်း တစ်ယောက် အချိန်တိုင်း အေးချမ်းနိုင်ပါစေ
ရည်ရွယ်၍................3/ May / 2020
11:37 am