Game:01;Chapter:12

2.3K 283 13
                                    

Unicode

After 1 Month________

ထိုနေ့ညပြီးတာနဲ့ထိုအကြောင်းကလည်းသူမခေါင်းထဲမေ့မေ့ပျောက်ပျောက်သာ။
ပြီးတော့ထိုနေ့ညကကောင်းဝမ်ရင်နဲ့စကားစပြောခြင်းကြောင့်သူမလည်းကောင်းဝမ်ရင်နဲ့တော်တော်ပင်ရင်းနှီးမှုရနေပြီဖြစ်သည်။

နေ့လည်စာတူတူထွက်စားဖြစ်တာတွေ၊ပိတ်ရက်လျှောက်လည်ကြတာတွေနဲ့ဝါသနာတွေအကြောင်းပြောကြကာသူမတို့အချိန်တွေကိုကုန်ဆုံးဖြစ်သည်။
ပြီးတော့ကောင်းဝမ်ရင်မှာ Fashion နဲ့ပတ်သတ်ပြီးအရမ်းကောင်းတဲ့အမြင်ရှိလေသည်။
ကောင်းဝမ်ရင်ကသူမနဲ့ပြိုင်ပွဲဝင် Design ပုံများကိုဆွေးနွေးပေးတာကြောင့်သူမအပတ်တိုင်း No. 1 ပင်။

ပြိုင်ပွဲကလည်း Final ရောက်နေပြီဖြစ်ကာပြိုင်ပွဲဝင်သုံးယောက်သာကျန်တော့လေသည်။
ထိုသုံးယောက်ကတော့သူမနဲ့ကျဲမုလင်ရယ်နောက်ကောင်လေးတစ်ယောက်ရယ်။

Semi Final ရောက်ကတည်းကပြိုင်ပွဲပုံစံကပြောင်းလဲသွားတော့လေသည်။
ပြိုင်ပွဲပုံမျိုးမဟုတ်တော့ဘဲ Fashion Show ပုံမျိုးဖြစ်လာတော့လေသည်။
သူမတို့ကသူမတို့ Collection တွေကိုတစ်စုတည်းပြကာပြီးမှ Vote ပေးရွေးချယ်စေကာနောက်ဆုံးတစ်ယောက်ကပြုတ်သွားခြင်းဖြစ်သည်။

သူမသည်လည်းထိုပွဲအတွက်အတော်ပင်အလုပ်ရှုပ်နေရတော့လေသည်။
ပွဲကညနေ၆နာရီစမှာဖြစ်တဲ့အတွက်သူမတို့က၆နာရီမထိုးခင်မော်ဒယ်လ်တွေကိုအသင့်ပြင်ပေးထားရမှာဖြစ်သည်။
သူမမှာနေ့လည်နှစ်နာရီလောက်ကတည်းကမိမိလိုချင်သော concept မိအောင် Make up Team နဲ့ဆွေးနွေးကာတစ်ယောက်ချင်းဆီကိုလိုက်စစ်နေရတော့လေသည်။

ညနေ၆နာရီထိုးသည့်တိုင်သူမလက်ကောက်ဝတ်တွင်အပ်ထိုးချည်လုံးတပ်ကာလျှောက်သွားနေရဆဲပင်။
Design များမပေါက်ကြားစေရန်အတွက်တစ်ယောက်တစ်ခန်းပေးထားတာကြောင့်အကုန်လုံးကကိုယ့်လူတွေချည်းသာ။

"Miss ချာ Make up ကဘယ်လိုဖြစ်တာလဲ"
သူမပြောပြီးတာနဲ့ Make up artist ဘက်လှည့်ကာ
"သူမကိုနည်းနည်းလေးပြန်ပြင်ပေးပါလား
Miss ချာ ရဲ့ Form ကရက်စက်တတ်နေရမှာမဟုတ်ဘဲနာကျင်မှုတွေကိုပြပြီးဆူးတွေနဲ့ကာရံထားတဲ့မိန်းကလေးတစ်ယောက်ပုံဖြစ်နေရမှာ
Lip Stick ကိုအရောင်နည်းနည်းလျော့ပြီး တောက်တဲ့အရောင်ထက်ရင့်တဲ့အရောင်ဘက်လေးသွားပေး"

MISSION-II {Rest}Onde histórias criam vida. Descubra agora