မောင့်ရဲ့နှင်းဆီ [Unicode Ver]

975 29 1
                                    

နှင်းတွေတဖွဲဖွဲကျနေတဲ့ December ရဲ့ ချမ်းအေးလွန်းတဲ့ ညတစ်ည…။မှိန်ပြပြသာလင်းတဲ့ လရောင်ရဲ့အောက်မှာ ကောင်မလေးတစ်ယောက်…။ဖြူဖွေးနေတဲ့ နှင်းပြင်ကျယ်ကြီးထဲမှာ သွေးအလိမ်းလိမ်းနဲ့ အသက်မဲ့နေတဲ့ ကောင်လေးတစ်ယောက်ကို ထွေးပွေ့ထားလျက် ရှိုက်ငိုနေသည်။

"မောင်  မထားခဲ့ပါနဲ့ ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့ မောင်!!!!!"

ထိုစဉ် သူမ အိမ်မက်ဆိုးမှ လန့်နိုးလာပြီး ထထိုင်လိုက်မိသည်။ အိမ်မက်ဆိုး…။ဟုတ်ပါတယ်…တကယ်ကို သူမဘဝရဲ့ အိမ်မက်ဆိုး…။အိမ်ယာပေါ်ကထပြီး အခန်းစီးကို ဆွဲဖွင့်လိုက်တော့ မနက်ခင်းနေခြည်နုနုက သူမအခန်းထဲကို ပြေးဝင်လာသည်။
အပြင်ဘက်က ဥယျာဉ်ငယ်လေးသည် မနက်ခင်းရဲ့ နေခြည်ဆမ်းထားတာကြောင့် မြစိမ်းရောင်တောက်ပနေသည်။ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ မနက်ခင်းအလှသည် အသက်ဝင်နေတဲ့ မှော်ပန်းချီကားလို ရင်သပ်ရှုမောဖွယ် ကောင်းနေပေမဲ့ သူမအတွက်တော့ အသက်မဲ့နေတဲ့ မနက်ခင်းတစ်ခုသာ။မောင်ထွက်သွားပြီးကတည်းက သူမကမ္ဘာ အသက်မဲ့သွားခဲ့တာလေ။ပါးပြင်ပေါ်က မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်။သူမရေချိုးပြီး ထွက်လာတော့ တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့"

သူမ အမိန့်ပေးလိုက်တော့ အိမ်ဖော်မလေး တယောက်ဝင်လာသည်။

"မမလေး သခင်ကြီးရှာနေ ပါတယ်"

"လာခဲ့မယ်လ်ို့ ပြောလိုက်"

အိမ်ဖော်မလေး ခပ်မြန်မြန် ပြန်ထွက်သွားသည်။စိတ်မထင်ရင် မထင်သလို သောင်းကျန်းတတ်တဲ့ သူမစရိုက်ကြောင့် ဘယ်သူမှအနားမှာ ကြာကြာမနေရဲကြပေ။သူမ အဝတ်အစားလဲဖို့ ကိုယ်မှာပတ်ထားတဲ့ တဘတ်ကို ချွတ်ချလိုက်တော့ ဖြူးဖွေးနေတဲ့ သူမကိုယ်ပေါ်က များပြားလှတဲ့ အမာရွတ်တွေက သူမရဲ့ ခါးသီးကြမ်းတမ်းလွန်းတဲ့ ဘဝအကြောင်းကို အလုအယက်ပြောပြနေကြသည်။သူမ အောက်ထပ်ကို ဆင်းလာတော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ သူမ ဖခင်ကို တွေ့လိုက်ရသည်။

မောင့်ရဲ့နှင်းဆီ [one shot]    မောင့်ရဲ့နှင်းဆီ [one shot]Nơi câu chuyện tồn tại. Hãy khám phá bây giờ