Part-46❤🌟

456 27 6
                                    

ဘုန်းနေသော်...မျက်လုံးထဲသို့ရုတ်တရက်ဝင်ရောက်လာသည့် မီးအလင်းရောင်နှင့်အတူ...ခေါင်းလည်းကြည်သွားသည်...။
နောက်ဆုံးမှတ်မိတာက...မူးနောက်နောက်ဖြင့် ဟန်ဇင်ခဆီသို့လျှောက်လာခဲ့သည်ကိုပင်...။မျက်စိရှေ့တွင်မြင်နေရသည့် ဟန်ဇင်ခ၏လက်မောင်းကိုကိုင်လိုက်ရင်း....

"အဟင်း...ကျေးဇူးပါ..ကျွန်မအတွက်အများကြီးစီစဉ်ပေးထားတာပဲ..."

ဘုန်းနေသော် ပြုံးပြီးပြောနေသော်လည်း....တင်းမာနေသည့်ဟန်ဇင်ခမျက်နှာနှင့် အကြည့်စိမ်းစိမ်းတို့ကြောင့်...ဟန်ဇင်ခလက်မောင်းကိုကိုင်ထားသည့် လက်လေးပြေလျော့သွားရင်း....

"ဘာ..ဘာဖြစ်လို့လဲ..ဟင်.."

ထိုသို့မေးလိုက်တော့မှ...ပိုမိုဒေါသဖြစ်သွားဟန်တူသည့် ဟန်ဇင်ခမျက်နှာကြောင့်...ဘုန်းနေသော် နောက်သို့အနည်းငယ်ဆုတ်မိသွားသည်....။မိမိရှေ့မှာမြင်နေရသည့် ဟန်ဇင်ခသည်...တစ်ခြားတစ်ယောက်ဖြစ်သွားသလားဟုပင်ထင်မိ၏...။လက်ရှိတစ်ချိန်လုံး..ထိုသူ့ဆီမှ အပြုံးတွေ၊ကြည်နူးမှုတွေကိုသာမြင်ခဲ့ရပြီး...ယခုလိုပုံစံသည်..ဘုန်းနေသော်အား ကြောက်စိတ်ဝင်စေသည်...။ထိုပုံစံကိုကောင်းကောင်းမှတ်မိနေသည်...။လင်းရောင်ခနှင့်ပြဿ နာဖြစ်တုန်းက ဟန်ဇင်ခ၏ပုံစံ...၊ဘုန်းနေသော်ကြောက်မိခဲ့သည့်ပုံစံ....။
ရုတ်တရက် ပခုံးအား ဆောင့်ကိုင်ခံလိုက်ရတာကြောင့်...ဘုန်းနေသော်မျက်လုံးအဝိုင်းသားဖြစ်သွားရပြန်သည်.......။

"ဘာသဘောလဲ...အဲ့ဒါဘာသဘောလဲသော်တာ!!.."

ဘုန်းနေသော် ကြောင်ကြည့်နေမိရင်း...နားမလည်စွာဖြင့်ရှုပ်ထွေးသွားရသည်...။ရုတ်တရက် ဘာဖြစ်သွားတာလဲဟု သိချင်စိတ်တွေများနေသလို...၊ကြောက်စိတ်တို့ကလည်း စိုးမိုးလာ၏.....

"ဘာ..ဘာကို..ပြော..ပြော..တာလဲ.."

"သော်တာ!!..."

ဟန်ဇင်ခ..သော်တာ့ပခုံးကိုဆွဲလှုပ်လိုက်ရင်း ဒေါသဖြင့်အော်လိုက်၏...။ကိုယ့်ချစ်သူအား တစ်ခြားသူတစ်ယောက်လက်ထဲတွင် မြင်လိုက်ရသည်က...ဟန်ဇင်ခအဖို့...ပြင်းထန်သည့်ထိခိုက်မှုတစ်ခုပင်...။ကိုယ်မြတ်နိုးသည့်အရာသည်...တစ်ခြားသူတစ်ယောက်ပိုင်ခဲ့လျှင်တောင်...မိမိပိုင်သွားလျှင်တော့...တစ်ခြားမည်သူမှထိခွင့်မရှိ...၊ထိခဲ့လျှင်လည်း...ထိုအရာကိုစွန့်လွှတ်လိုက်သည်ပင်...။

⚠BECAUSE...⁉   {U+Z} (Completed)Where stories live. Discover now