1

368 22 1
                                    

Hun - park chanyeol shi ခုထိ မထသေးဘူးလား  သားလေး ရေ သား daddy ကိုသွားနိုးလိုက်အုံး

Channie - Nae ပါးပါး

အိပ်ရာ ထဲတွင် အိပ်ပျော်နေသေယ သူရဲ့ ပါးလေးကို သူ့လက်လေးနဲ့ကိုင်ပြီး

Channie - Daddy ထတော့

Chan - အင်း

Channie - Daddy ထ ခု ထ

Chan - Daddy အိပ်ချင်သေးတာ channieလေးရဲ့

Channie - ထပါတော့ daddy ခုမထရင် ပါးပါးက စိတ်ကောက်လိမ့်မယ်

Chan - ဟား ဟား ပါးပါးက စိတ်ကောက်တတ်လား

Channie - အားကြီးကောက် daddyကိုဆိုအားကြီးပဲ ပြီးရင် daddyက ည ညဆိုပါးပါးကိုချော့ရင်လေ ပါးပါးက အသံအကျယ်ကြီးနဲ့အော်တယ်လေ

Hun - Park channie ဘယ်သူ့အတင်းကိုပြောနေတာလဲ

Channie - ဟာ ပါးပါး

ဆိုကာ သူ့daddy ရင်ခွင်ထဲဝင်သွားကာ ပုန်းနေသော သားပေါက်

Hun - ဟိတ် ဘယ်ကိုဝင်ပုန်းနေတာလဲ အားကိုးရှိတယ်ပေါ့

Chan - မကြောက်နဲ့ daddy ရှိတယ်

Hun - အဖေရော သားရောနော် တုတ်တုတ်

Channie - ဟင် တကယ်လား

Hun - လာပါအုံး ပါးပါးဆီ

လှုပ်တုတ်လှုပ်တုတ်နဲ့လာသော သားသားကိုဖက်လိုက်ပြီး

Hun - ဒီလိုချစ်ဖို့ကောင်းတယ့် ကလေးလေးကိုရိုက်စရားလား မွမွ

Channie - ဟီးဟီး

Hin - ခုနကပါးပါးကိုအတင်းပြောနေတာ ဘယ်သူပါလိမ့်

သားကိုကလိ ထိုးရင်းမေးလိုက်တော့

Channie - ခ်ခ် ယားတယ် ပါးပါး daddy ရေ သားကိုကယ်ပါ

Chan - လာပြီဟေ့ ယုန်ုဖြူလေးတွေကို ဖမ်းစားမယ် ဝံပုလွေကြီးလာပြီဟေ့

Channie - ခ်ခ် ကြောက်တယ် ပါးပါး daddyက ဝံပုလွေကြီးနဲ့တကယ်တူတယ်

Hun - ဟုတ်ပ တူတယ် သားရေ

Chan - ဘာပြောတယ် ဒီသားအဖတော့ စားခံထိတော့မယ်

Channie - ခ်ခ် daddy မေးစေ့ကြီးက ယားတယ်

Chan - လာပြီဟေ့ ဒီတစ်ခါ အဖေဖြစ်သူကလှဲ့

Hun - မောင် ယားတယ် ကြည့်မလုပ်ပေးရင် ပြန်ထွက်နေပြီ
ကိုယ့်ဘာသာ လုပ်မယ် မရှိဘူး

Chan - မောင်က hun မလုပ်ပေးရင် ဘာမှမလုပ်တတ်ဘူး

Hun - ဟွန့်

မနက်စာစားသောက်ပြီး မောင်က သားနဲ့ သူ့ကို ပါးလေးကိုနမ်းကာ အလုပ်သွား သားက မူကြိုသွား သူပဲ အိမ်မှာကျန်ခဲ့တယ် သူ့အလုပ်က design တွေကိုအိမ်မျာပဲဘဆွဲတာမို့ အပြင်သိပ်မထွက်ရ

သူနဲ့မောင်ရဲ့အိမ်ထောင်သက်က ၈နှစ်ကျော်ပြီ မောင်က သူ့ကိုသိပ်ချစ်သည် သားအပေါ်ရော လွန်ခဲ့တဲ့ ၅နှစ် အိမ်ထောင်သက် ၃နှစ်ကျော်လောက် က မောင်ဖောက်ပြန်ခဲ့တယ် အမှားတစ်ခုကို ဝန်ခံပြီး သူတို့ပြန်လက်တွဲခဲ့တယ် အဲ့ချိန်ထဲက သူ့ကို အရမ်းကိုဂရုစိုက်ခဲ့တယ် သားလေးကို အဲ့ချိန်လောက်က မိဘမဲ့ဂေဟာတစ်ခုမှာ သွားပြီးမွေးစားခဲ့တယ် လသား အရွယ်လေးမို့ မမွေးစားပါနဲ့ဆိုတော့ သူကိုယ်တိုင်ပြုစုချင်ခဲ့တယ် သားလေးက မောင်နဲ့တူတဲ့ ပါးချိုင့်လေးလည်းရှိတယ် သားလေးက ၄နှစ်ကျော်၅နှစ်တောင်ပြည့်တော်မယ်

ထိုအချိန်တွေကဘသူတို့မိသားစုအတွက် ပျော်စရာတွေ အတိဖြစ်ခဲ့တယ် နောက်တစ်ချိန်ဘာဖြစ်မလဲမသိပေမဲ့ပေါ့

အမှားတစ်ခုရဲ့နောက်ဆက်တွဲWhere stories live. Discover now