အဖြူရောင်နှင်းဆီပွင့် ဖက်တွေ ပြန့်ကျဲထားတဲ့ကတ္တီပါ ကော်ဇောနီနီကြီးနှင့် တင့်တယ်လျက်
ဖာသာရှေ့၌ ရပ်စောင့်နေတဲ့ Blazar အဖြူရောင်နှင့် ညိုမြမြ အသားအရည် စူးရှနက်မှောင်တောက်ပနေတဲ့ မျက်ကြည်တောက်ကလေး နှင့်လူသား နှုတ်ခမ်းထက်မှာ အပြုံးက နူးညံ့လွန်းလို့နေသည်။နဖူးပြင်ထက်က
ဆံသားတွေကို ဆီနှင့်အတူ အပြောင်ရှင်းထားလေရဲ့ မို့မောက်ကျယ်ဝန်းတဲ့ နဖူးပြင်ကလည်း ခန့်ညားသားပိန်ပါးချပ်ကပ်နေတဲ့ဗိုက်သား တစ်ဝိုက်ကို ချပ်ကပ်စွာဆင်မြန်းထားတဲ့ အဖြူရောင် Blazar နှင့် ချစ်စရာ 17 နှစ်ကလေးငယ်......ချစ်စရာအတိနို့နှစ်ရောင်အသားအရည်ကြောင့် အလင်းဖြာနေသလိုလှ၏။ပါးမို့မို့လေးတွေက နဂိုကထက် နီမြန်းနေသည်။ဖခင်၏ လက်ကို တွဲပြီး နှင်းဆီ ပွင့်ဖက်လေးတွေအပေါ် အဖြူရောင် လူသားလေးက နင်းခြေမိပေမဲ့
ပန်းလေးတွေက အပြုံးမပျက်သတို့သား အနောက်မှာ အရံမောင် နှံတွေက လိုက်လာပြီး ဖာသာထံ ကောင်းချီးယူကြသည်။
"နာမကျန်သည်ဖြစ်စေ ...............ထာဝရလက်တွဲသွားပါမည်"
ကျမ်းကျိန် ကတိသစ္စာတွေ ဆိုပြီးနောက် သတို့သားနှစ်ယောက်သည် အကြင်မောင်နှံတွေအဖြစ် နှသ်ယောက်သား အနမ်းတို့ ဖလှယ်ခဲ့ကြသည်။
လက်ထဲ၌ ပန်းစည်းရှိမနေပါ ဦးခေါင်းထက်၌ ဇာပဝါ ရှိမနေပါ သတ်မှတ်ထားတဲ့စည်းကမ်းတွေမညီပေမဲ့ သူတို့တစ်ဦးကိုတစ်ဦး ချစ်ကြပါသည်။တစ်ယောက်ကို တစ်ယောက် ကြည်နူးစွာ အပြုံးမျက်လုံးတို့နှင့်ကြည့်ကာ လက်ကို မြဲအောင်ဆုပ်ကိုင်ထားခဲ့ကြသည်။
အခန်းအနားပြီးဆုံးသွားတဲ့အချိန်မှာ ပွဲကျင်းပမဲ့ hotel ကို သတို့သားနှစ်ယောက် က လက်တွေမြဲ မြံစွာဆုပ်ကိုင်ရင်း ကားပေါ်ကို လိုက်ပါသွားလေရဲ့။
အခမ်းအနား စတင်ပေးပြီးလက်ခုပ်သြဘာသံတွေ ညံညံဝေဆာလျက်ရောင်စုံခြယ် သတို့သမီးအရံတို့နှင့် ဝန်းရံလျက် နှစ်ဦးသဘောတူ စာချုပ်မှာ လက်မှတ်ထိုးကာ အပျော်ရွင်ဆုံးနေ့ရက်တွေကိုဖန်တီးပေးဖို့ စတင်လိုက်ကြပါသည်။
BINABASA MO ANG
ချွဲစိန် ရစ်လုံး{ Z&U}(Complete)
Fanfiction"ကလေး ဆိုလည်းချစ်မှာပဲ ကလေးရစ်လဲခံမှာပဲ ကလေး ဘယ်လိုနေနေချစ်မှာပဲ" "ဦးက ကလေး ရစ်တယ်ပြောချင်တာလား ကလေး ကဆိုးတယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့" 🖤PerthSaint♥