UnicodeCh 45 "မွေးမာတာ၏ ဆဋ္ဌာရုံ"
____________________________ကုန်ခဲ့သည့် ပထမတစ်ပတ်လုံး အတန်းချိန်များ အလုပ်ချိန်များကြောင့် အလောသုံးဆယ်ဖြစ်နေရပြီး အန်းလျန်လည်း အလုပ်နဲ့လက် မပြတ်ခဲ့ပါ။
သတိထားမိချိန်တွင် သောကြာနေ့ နေ့လယ်ခင်းသို့ရောက်ပြီ။ ဆိုလိုသည်မှာ ယနေ့ ကျန်းချန်နှင့်အတူ သူ့အိမ်ကိုသွားရမည်ဖြစ်သည်။ စိတ်လှုပ်ရှား လန့်ထိတ်နေသည်ဟူသောစကားကပင် အန်းလျန်၏အခြေအနေကို အပြည့်အဝကိုယ်စားပြုနိုင်မည်မဟုတ်ပါ။
အန်းလျန်သည်
Laptopရှေ့တွင် ယောင်တောင်ပေါင်တောင်လုပ်ကာ သူ့ခုံတွင်ထိုင်နေသော ယွိမြောင်ကို အငိုက်ဖမ်းပြီးပြောလိုက်သည်။"ဒါနဲ့လေ...အမ်း... ဒီပိတ်ရက်လေ...ငါ ကျန်းချန်အိမ်မှာသွားနေဖြစ်မယ်"
ယွိမြောင်က သူများနားကြားမှာသလားဟု ထင်သွား၏။
"ဟမ်...ဘာဖြစ်တယ်?... ရှောင်လျန်!"
အန်းလျန်က ကြောက်ရွံ့ပြီး ဂနာမငြိမ်ဖြစ်သွား၏။
"တကယ်တော့လေ...အလုပ်နဲ့လည်း ပိုနီးလို့ပါ...အဲ့လိုဆို ခရီးလည်းကြုံ့သွားရအောင်...ကျန်းချန်ကလည်း ကားမောင်းပို့မယ်တဲ့...ငါက သူ့ကို အိမ်သန့်ရှင်းရေး ဘာညာ ပြန်ကူညီ..."
ယွိမြောင်က ဖြတ်ပြောလေသည်။
"အန်းလျန်...အဲဒါစိတ်မချရဘူးနော်...ငါနဲ့ ဒီမှာပဲနေ...ငါ အဲဒီလူကို အယုံအကြည်မရှိဘူး..."
"အာ...သူက အဲလောက်လည်း မဆိုးပါဘူး.."
ယွိမြောင် မချိတင်ကဲဖြစ်သွားသည်။ ဤကိစ္စနှင့် ပတ်သတ်ပြီး သူနည်းနည်းမှ ကောင်းတာမမြင်
...ရုတ်တရက်ကြီး ဘာကိစ္စ အန်းလျန်က ကျန်းချန်နဲ့ အတူနေချင်ရတာလဲ....ကျိန်းသေတစ်ခုခုတော့ ဖြစ်ထားရမယ်....ယွိမြောင်: "အန်းလျန်....မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတာလား...?"
အန်းလျန် ထိတ်ခနဲဖြစ်သွားပြီး စွပ်စွဲချက်တို့ကို ပျာပျာသလဲငြင်းဆန်သည်။

YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...