မေပယ်ရွက်ဟောင်းလေးတွေမြေခပြီး ရွက်နုတွေလေးစတင်ထွက်လာချိန် သူ့အကြိုက်ဆုံးရာသီဖြစ်တဲ့ မိုးရာသီအစကာလလေး.......။
ရှောင်ကျန့် ဆွဲလက်စ ပန်းချီကားလေးကိုအပြီးသတ်ပြီးထွက်လာတော့ လေပြေနုနုလေးတွေတိုက်ခတ်ပြီး မိုးရွာတော့မည့် အရိပ်ယောင်လေးတွေမြင်နေရသည်။ ရှောင်ကျန့်ကလူတစ်မျိုးပင် သူများတွေဆိုမိုးရွာလျှင် အိမ်ထဲကအိမ်ပြင်မထွက်ပဲ အိမ်မှာပဲဇိမ်ယူကျသမျှ သူကတော့မိုးရွာလာလျှင် ကော်ဖီထိုင်ပြီးမိုးစက်
တွေကိုငေးမောချင်သည့်စိတ်က ထိန်းချုပ်မရ.....သူ့အနှစ်သက်ဆုံး လက်တေးကော်ဖီပူပူလေးတစ်ခွက်ကိုတစိမ့်စိမ့်သောက်ကာ မရောနိကိတ်စိမ့်စိမ့်လေးကို အရသာခံစားရင်းမှန်ပြတင်းပေါက်ကိုလာရောက်ထိခတ်သည့် မိုးစက်လေးတွေကိုငေးချင် လာတာကြောင့် မိုးချုပ်နေပြီဖြစ်သော်လည်းသူထိုင်နေကျကော်ဖီဆိုင်လေးသို့ ထွက်လာခဲ့၏။
ဒီဆိုင်လေးကို မိုးတွေရွာလာတိုင်း လာထိုင်တက်သောကြောင့် ဆိုင်ကလူတွေနှင့်ပင်ရင်းနှီးနေပြီဖြစ်ကာ ဘာဆိုတာ တကူးတကမှာစရာမလို..... သူထိုင်နေကျမှန်ပြတင်းပေါက်လေးဘေးမှာပဲဝင်ထိုင်လိုက်သည်....ပုံမှန်ဆိုလူအမြဲပြည့်နေသည့်ဆိုင်လေးက မိုးရွာနေမှုကြောင့်ရယ် မိုးလဲအနည်းငယ်ချုပ်လာတာကြောင့်ရယ်ထင်ပါ၏ လူကအနည်းငယ်သာရှိလေသည်။
သိပ်မကြာလိုက်ခင်မှာပဲ လက်တေးကော်ဖီပူပူလေးတစ်ခွက်နှင့် စားချင်စဖွယ်မရောနိကိတ်လေးကသူ့ရှေ့ကိုရောက်လာသည်။ မိုးကလည်းတဖြေးဖြေးနဲ့ပိုသည်းလာတာကြောင့် မိုးစက်လေးတွေက မှနိတံခါးကိုဖြောက်ဖြောက် နှင့်လာရောက် ထိခတ်နေကျသည်။သဘောကျသည်... ဒီလိုအေးအေးချမ်းချမ်းအခြေအနေလေးကို......။
ရှောင်ကျန့်....ရှောင်းမိသားစုရဲ့တစ်ဦးတည်းသောသား...၊တက္ကသိုလ်နောက်ဆုံးနှစ်မှာမိဘနှစ်ပါးစလုံး ကားအက်စီးဒန့်ဖြင့်ဆုံးပါးသွားပြီး မိဘတွေချန်ခဲ့တဲ့ကုမ္ပဏီလုပ်ငန်းတွေကိုစိတ်မဝင်စားပဲ ဝါသနာပါတဲ့ပန်းချီတွေပဲဆွဲကာ အခုချိန်ထိဘဝကိုတစ်ကိုယ်တည်း အေးချမ်းစွာဖြတ်သန်းနေသူ ၊ကုမ္ပဏီကိစ္စတွေကိုတော့ညီဝမ်းကွဲဖြစ်တဲ့ကျန်းချန်ကို ဦးစီးစေကာ သူကတော့ရှယ်ယာဝင်တစ်ဦးအနေနှင့်သာနေသည်။
YOU ARE READING
Soulmate💜💜(One Shot)
Romanceအချစ်ဆိုတာ မျှော်လင့်မထားတဲ့အချိန်မှာ မျှော်လင့်မထားတဲ့ပုံစံနဲ့ ကိုယ့်ဘဝထဲကိုဝင်လာတက်သေးတာ။