[Zawgyi]
"ခွမ်းးးးး"
ရှောင်ကျန့်စားလက်စပန်းကန်ပင်ကျကွဲကာ
"ကျန့်ကျန့်...ဘာဖြစ်သွားသေးလဲ..ရရဲ့လား.."
ရိပေါ်စိုးရိမိတကြီးမေးနေသော်လည်း
ရှောင်ကျန့်ဘက်မှဘာမှတုံ့ပြန်ခြင်းမရှိ"အကိုရိပေါ်ဘာလုပ်နေတာလဲ လာလေ.. သူ့ကိုထားခဲ့လိုက်.. ဟိုမှာပါးစောင့်နေတယ်"
"မင်းအသာနေ.. ငါဒီစေ့စပ်ပွဲကိုလက်မခံနိုင်ဘူး.. ငါက သူုကိုပဲလက်ထပ်ယူမှာ..ကျန့်ကျန့်ကိုပဲ..ဟမ်..ကျန့်ကျန့်"
သူတို့နှစ်ယောက်စကားများနေတုန်း ရှောင်ကျန့်ဘယ်ရောက်သွားမှန်းမသိ
"အဟမ်း...အဟမ်း"
"အားလုံးပဲ...မင်္ဂလာပါဗျာ...ကျွန်တော့်နာမည်.. .ရှောင်ကျန့်ပါ... ဒီဘက်က ဦးလေး ရဲ့စကားကို ကျွန်တော်ဆက်ပြောချင်လို့ပါ ခွင့်ပြုပါခင်ဗျ"
"ရှောင်ကျန့်...နင်ဘာလုပ်နေတာလဲ..နင်နဲ့မဆိုင်ပဲ ဝင်မရှုပ်နဲ့ ထွက်သွားစမ်း"
"တိုးတိုးပြော..လူကြားထဲအရှက်ကွဲချင်နေတာလား"
"နင်...နင်.."
"ဟုတ်ကဲ့... ဦးလေးပြောတဲ့.. စေ့စပ်ပွဲက CEO ဝမ်နဲ့ဆိုတာဟုတ်ပါတယ်ခင်ဗျ.. လူကြီးမင်းတို့အားလုံး ဂုဏ်ပြုလက်ခုပ်လေးတီးပေးကြပါအုံး.."
'ကျန့်ကျန့်ဘာတွေလျှောက်ပြောနေတာလဲကွာ'
"ဖြောင်း..ဖြောင်း...ဖြောင်း"
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်...အခုလိုဂုဏ်ပြုပေးတာ..
ဒီကဟန်မီရီကိုလည်း ကျွန်တော်က ဂုဏ်ပြုတယ်နော် ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ ဒီစေ့စပ်ပွဲက အခုပဲပျက်သွားပြီဗျ"ရှောင်ကျန့်မိုက်ကြီးနဲ့ပြောချလိုက်တော့လူတွေက အံ့သြကုန်ကြတယ်
"နင်ဘာစကားပြောတာလဲ"
"ဟုတ်ပါတယ်...အခုပဲပျက်သွားတာပါ ဘာလို့ဆို သတို့သားဖြစ်တဲ့ ဝမ်ရိပေါ်က ပိုင်ရှင်ရှိပြီးသားပါ ပိုင်ရှင်ရှိပြီးသားကိုယူရင် ခိုးရာမြောက်တယ်ဆိုတာအားလုံးလည်းသိကြမှာပါ
အဲ့တော့ ဂုဏ်သိက္ခာရှိစွာနဲ့ ဒီဖျက်သိမ်းမှုကိုလက်ခံပေးပါ
သူ့ရဲ့ပိုင်ရှင်က ကျွန်တော်ပါပဲ "
ESTÁS LEYENDO
မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)
Fanfic[Zawgyi] "အကယ်၍နောက်ဘဝသာရှိခဲ့ရင်လည်း ကိုကိုက ကျန့်ကျန့်ကိုပဲချစ်နေမိမှာပါ ဘဝဆက်တိုင်း ရှောင်ကျန့်ဆိုတဲ့ကောင်လေးကိုပဲ လိုက်ရှာနေမိမှာပါ" ဝမ်ရိပေါ် "ကျန့်ကျန့်ကို အမြဲတမ်း ကိုကိုချစ်ရတဲ့သူ ကို...