Zawgyi
ရန်ချူလင်း ဟိုလူ့ကိုခိုင်းထားတဲ့ရက်မရောက်သေးတဲ့ အတောအတွင်း သူဘယ်မှမသွားဘဲ အိမ်မှာဘဲလိမ်လိမ်မာမာနေနေတယ်။
ကျောင်းမှာလည်း ရိပေါ်ကိုစကားလည်းသွားမပြောသလို၊ ကြည့်လည်းမကြည့်ဘဲ ကိုယ့်ဘာသာအေးဆေးတစ်ယောက်ထဲနေတယ်။
သူအဲ့လိုငြိမ်နေမှ ဘယ်သူမှသူ့ကိုသံသယမဝင်ဘဲ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်မှာ။ဒီနေ့ချူလင်း စောင့်မျှော်ခဲ့ရတဲ့ နေ့ရက်လေးရောက်လာပြီ မနက်ကတည်းက ဟို့လူကို messageပို့ပြီး ဒီနေ့သူခိုင်းတာကိုသေချာလုပ်ဖို့မှာထားပြီးပြီ။
ချူလင်း ကျောင်းကိုရောက်တော့ ထင်တဲ့အတိုင်း ရှောင်းကျန့်တစ်ယောက်တည်းကျောင်းကိုလာတယ်။
ဒီနေ့ ရိပေါ်ကဝန်ကြီးတွေနဲ့တွေ့ဆုံပွဲရှိတော့ ရှောင်းကျန့်နဲ့အတူတူကျောင်းမလာနိုင်ဘူးဆိုတာသိပြီးသား အဲ့ဒါကြောင့် ဒီနေ့မှာသူ့အကြံတွေကိုအကောင်အထည်ဖော်လိုက်တာ။ချူလင်း အခန်းထဲကိုဝင်လာရင်း သူထိုင်တဲ့နေရာမှာ သွားထိုင်လိုက်တယ်။
ချူလင်း ရှောင်းကျန့်တစ်ယောက်တည်းဟုတ်လို့ ပျော်တုန်းရှိသေးတယ် Haikuan ရောက်လာပြီး ရှောင်းကျန့်နဲ့စကားတွေပြောနေတယ်။
ကြည့်ရတာ ရိပေါ်က haikuanကို ခေါ်လိုက်တာထင်တယ်။_____________________________________
Haikuan ရှောင်းကျန့်နဲ့စကားပြောနေတုန်း ဖုန်းလာတာကြောင့် ကိုင်လိုက်တော့။
တစ်ဖက်ကအမျိုးသမီးတစ်ယောက်ရဲ့တုန်လှုပ်နေတဲ့အသံကိုချက်ချင်းကြားလိုက်တယ်။"ဟယ်လို သခင်လေးhaikuan သခင်လေး zhuochengမူးလဲလို့ အိမ်အမြန်ပြန်ခဲ့ပါ''
"ဘာ အေးငါအခုချက်ချင်းလာခဲ့မယ် ဆရာဝန်ခေါ်ထားပြီးပြီလား''
"ဟုတ်ခေါ်ထားပြီးပါပြီသခင်လေး''
"အေး''
Haikuanဖုန်းချလိုက်ပြီး ရှောင်းကျန့်ကိုပြောလိုက်တယ်။
"ရှောင်းကျန့် အိမ်မှာ zhuochengမူးလဲသွားလို့တဲ့ ခဏလောက်သွားလိုက်အုန်းမယ် နေ့လည်ကျပြန်လာခဲ့မယ်နော်''
"ဟာ ရပါတယ် ကိစ္စမရှိဘူး zhuochengကိုသာစောင့်ရှောက်လိုက် နေ့လည်ကျပြန်လာမနေနဲ့တော့ zhuochengနားမှာဘဲနေပြီးသေချာဂရုစိုက်ပေးလိုက်ပါ ဘာမှမဖြစ်ဘူး''
ŞİMDİ OKUDUĞUN
ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )
Hayran KurguYizhan💕 (Zawgyi/ Unicode)