part(13)

32.2K 4.7K 110
                                    

Asg ကို မစလိုက်ရပဲ သုံးယောက်သား ကားစီးပြီး ပြန်လာကြရတော့သည်။ထူးတန်းစွာနှင့် မိမွန်သည်စာလုပ်ဖို့မေ့နေသလား... လင်ပေးစားနေရရင် စာလုပ်ဖို့မေ့ စားဖို့မေ့ သောက်ဖို့မေ့ အိပ်ဖို့မေ့... ကျေးဇူး!
အသွားတုန်းက ပိုင်ဇေက အရှေ့မှထိုင်ပင်မယ် အပြန်ကြတော့ ပိုင်ဇေက နောက်ခန်းတွင်မှိန်းပြီးသာ လိုက်လာသည်။ဒီနေ့ ဘာလို့ပင်ပန်းတယ်လို့ခံစားနေကြလည်းမသိဘူး။

တိုက်ခန်းအောက် ကားပါကင်ကို ရောက်တော့ ပိုင်ဇေကားပေါ်ကဆင်ပြီး အရှေ့ခန်းကနှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။
"နက်ဖန် မှတွေ့မယ် နောက်ကျရင်လည်းနောက်ကျမယ်...asg ကိုဘယ်လိုလုပ်ကြမှာလဲ."

မိမွန်သည် သူ့လက်ကိုကိုင်ကာ ပြုံးလျက်ဆိုသည်။
"Asg ကို ငါလုပ်ခဲ့မယ် နင်လုံးဝစိတ်ပူစရာမလိုဘူးပိုင်ဇေ...ဒီညက ကိုသြရ စီမှာအိပ်ရမဲ့ နင့်နောက်ဆုံးညပဲသိတယ်မလား.. ဒီအခွင့်အရေးကိုလုံးဝလက်မလွတ်နဲ့"

ပိုင်ဇေသည် မိမွန်လက်ကနေ ရုန်းထွက်လိုက်ပြီး ခေါင်းကို မနာအောင်ခေါက်လိုက်သည်။
"ဘာတွေပြောနေတာလဲ..."

ခွန်းသသည်လည်း မိမွန်ကို မနိုင်တော့သည်မို့လျစ်လျူ ရှုလိုက်သည်။ပိုင်ဇေ့ကိုကြည့်ကာ
"နက်ဖန်ငါဝင်ခေါ်ရမလား.."

"နေနေ...ငါဘာသာလာမယ်..."

"Ok သွားပြီ.."

ကားဘီးစလိမ့်သွားသည့်တိုင်မေမြတ်မွန်သည် ခေါင်းလေးပြူ ထွက်ကာ ပိုင်ဇေ့ကို လက်ကလေးပြရင်း
လှမ်းမှာနေသေးသည်။
"ပိုင်ဇေ...ပိုင်ဇေ...ငါစိတ်ချမယ်နော်..."

ပ်ုင်ဇေသည် ထွက်သွားသည့်ကားလေးကိုကြည့်ပြီး တချက်ရီမောလိုက်သည်။ကံကောင်းပေလို့ သူ့မှာ ဒီလိုသူငယ်ချင်းလေးတွေရှိတာ..
ဒါမဲ့လည်း ခွဲခွာပြီးနေနေရတာပဲ...စိတ်ချင်းနီးနေဖို့သာအဓိကဆိုပင်မယ့် လူချင်းအမြဲတွေ့နေရတော့ကော ပိုမကောင်းဘူးလား!
ဓာတ်လှေကားစီးနေရင်းနှင့်ပင်တကိုယ်လုံးကလေးလံနေသလိုပင်။
ပိုင်ဇေသည် ဆုံးသွားတဲ့အမေကို သတိရသွားသည်။
အမေဆုံးတော့ သူ့အသက်က ၁၃နှစ်ရှိနေပြီ။အရာအားလုံးကိုသေချာ ပြတ်သားစွာ မှတ်မိနိုင်တဲ့အရွယ်ပေါ့။သူ့အသက် ဆယ်နှစ်နှစ်အထိ အမေက သူ့ဘေးတွင်အိပ်တုန်း။ငယ်သေး၍ အမေသူ့ဘေးမှာလာအိပ်လျှင်ပျော်နေတာပဲ။သီးသန့်ဆန်နေတဲ့ အဖေနဲ့အမေ့ရဲ့ဆက်ဆံရေးကိုသတိမထားမိခဲ့။ ဆေးတွေသောက်နေတဲ့အမေ့ကိုမေးတော့ ခေါင်းကိုက် ဗိုင်နာလို့ပါဆိုပြီး ပြုံးပြုံးလေးသာဖြေသည်။
သိပ်မကြာခင်မှာပဲ အမေဆေးရုံတင်လိုက်ရတယ် မှတ်မှတ်ရရ ပြင်ဦးလွင် ရောက်နေတုန်းဖြစ်သည်။
အစာအိမ်မှာ အနာဖြစ်တာတဲ့...အနာလို့ပဲ ထင်ခဲ့တာ... ကင်ဆာဖြစ်နေမယ်မှန်း သူဘယ်သိပါ့မလဲ..မေမေက ကြိတ်ပြီးကုနေခဲ့တာလေ။ခွဲစိတ်မှုတွေ လုပ်ခဲ့ပင်မဲ့ အမေကတော့ ပြန်မထလာခဲ့တော့ဘူး။သူအသက် ဆယ်သုံးနှစ်မပြည့်ခင်မှာပဲ အမေက ဆုံးသွားတယ်။
ထိုအချိန်မှာပဲ မျက်နှာပြောင်တိုက်ပြီး အိမ်ပေါ်ကို တက်လာတဲ့ ဒေါ်မျိုးမျိုးခင်နဲ့သူ့ရဲ့သားကြောင့် ပိုင်ဇေသည် အရာအားလုံးကို နားလည်သွားခဲ့ရသည်။ပေါ်တင်ဖောက်ပြန်ခဲ့တဲ့ ဖေဖေနဲ့ တိတ်တဆိတ်ငိုကြွေးနေတဲ့မိခင်။ဟန်ဆောင်မျက်နှာဖုံးထက်မှာ အပြုံးပန်းတွေဆင်ပြီး သူ့ရှေ့တွင်ပျော်ရွှင်နေတဲ့မိသားစုက
ချက်ချင်းကိုပျောက်ကွယ်သွားခဲ့သည်။မိသားစုဆိုလို့ဖေဖေသာကျန်ခဲ့သည်မို့ ဖေဖေ့ကို အပြစ်မတင်ခဲ့ပင်မဲ့ ခွင့်လည်းမလွှတ်ခဲ့ပါ။မျိုသိပ်ခြင်းတွေနဲ့ရောင့်ရဲခဲ့ရသည်။မေမေသည် ဘယ်လိုစိတ်မျိုးနဲ့အားတင်းခဲ့ပါသလဲ ဆိုတာကို သူမတွေးနိုင်လောက်အောင်ပင်။
အမြဲတမ်းပျော်ရွှင်နေတဲ့ ကောင်ကလည်း နာကျင်မှုကိုသက်သာစေဖို့ပြုံးနေရတာလည်းဖြစ်နိုင်တာပဲ...
ကိုသြရကော သူ့လိုပဲမလား။အမေမရှိတော့ဘူး။အကိုရှိပင်မဲ့ အကိုကလည်းဆေးရုံပေါ်တွင်။

My Boyfriend is a traffic policeWhere stories live. Discover now