Ep 16

654 81 0
                                    

#Unicode#

သီဟရဲ့ Cafe ဆိုင်ထဲကို အမောတကောနဲ့ ဝင်သွားတဲ့ မြတ်မင်းကို ကို အဝေးတစ်နေရာကနေ အောင်နိုင်သူ တွေ့သွားတော့ အလျင်အမြန်ဘဲ ဆိုင်ကို ပြေးလာနေတော့သသည်။ ဆိုင်ထဲရောက်တော့ ထိုကောင်လေးဆီကနေ သီဟကို

"ညီလေး အကို့ကို ကယ်ပါအုန်း" ဆိုပြီး အကူအညီ တောင်းနေတော့သည်။

ရန်နိုင် လိုက်ဖမ်းနေတယ်လို့ မြတ်မင်းကို တစ်ယောက် ပြောနေသော်လည်း အောင်နိုင်သူမှာ ဒေါသကြီးစွာဖြင့် မြတ်မင်းကိုနား သွားပြီးတော့ အင်္ကျီကော်လံစကိုဆွဲ၍

"မင်းအခုမှ လျှောက်ပြောမနေနဲ့ "

"တစ်ကယ်ပါ ကျွန်တော် မလိမ်ရပါဘူး အကို"

"ဟျောင့် ဒါလည်း မင်းကို ရန်နိုင် ခိုင်းလိုက်တာမလား" အောင်နိုင်သူမှာ ကော်လံစကို ခပ်တင်းတင်းဆွဲ၍ ပြောလိုက်လေသည်။

"မဟုတ်ရပါဘူး အကို။ ရန်နိုင် လုပ်ခိုင်းတာ မဟုတ်ရပါဘူး"

အင်္ကျီကော်လံ ဆွဲထားတဲ့ အောင်နိုင်သူကို သီဟကနေမှ

"အကိုရယ် စိတ်အေးအေးထားပါ"

"မထားနိုင်ဘူး ဒီကောင်လိမ်နေတာဆို ဘယ်လိုလုပ်မလဲ "

"အကိုရယ် သီဟတို့ စောင့်ကြည့်ကြမယ်လေ။ သူ အခု ဘာပြောမလဲဆိုတာ၊ ခုကဆိုင်ကြီးထဲမှာ မကောင်းဘူးလေ အကို "

အောင်နိုင်သူ ဘေးဘီကို တစ်ချက်ကြည့်လိုက်သည်။ မနက်အစောကြီး ဆိုပေမယ့်လည်း ဧည့်သည် တစ်ယောက်စ နှစ်ယောက်စလောက်ကတော့ ဆိုင်မှာ ရှိနေသည်။ ဒါကြောင့် အောင်နိုင်သူ ကိုင်ထားတဲ့ ကော်လံစကို လွှတ်လိုက်လေတော့သည်။ ပြီးတော့ စားပွဲခုံ အလွတ်မှာ သွားထိုင်လိုက်သည်။

မြင့်မြတ်လဲ အကိုအောင် ၀င်လာကတည်းက ဘာတွေဖြစ်နေမှန်း

ခုထိကို မသိသေးဘူးလေ။ အကို‌အောင်က ထိုကောင်လေးကို ဒေါသမျက်လုံးတွေနဲ့ ကြည့်ပြီး အင်္ကျီကော်လံကိုလည်း ဆွဲထားသေးတယ်လေ။ မြင့်မြတ် ဘေးကိုကြည့်လိုက်တော့ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ ဖြစ်နေတော့ သီဟကို တားဖို့ အချက်လှမ်းပြလိုက်ရတော့သည်။

If(အကယ်၍...)/{complete}Dove le storie prendono vita. Scoprilo ora