Ep 18

628 70 0
                                    

#Unicode#

"ကိုရန်နိုင်"

"မင်းပါလား ဘာလာလုပ်ပြန်တာလဲ"

"အော် ကိုယ့်‌ entertainment ကလူကို ဒီလိုမေးစရာလား"

"မင်းက ငါခေါ်ထားတာမှ မဟုတ်တာ" ဆိုပြီး ရန်နိုင် လှောင်သလို‌ ပြောလိုက်လေသည်။

သီရိဆိုသည်မှာ ရန်နိုင်ကို ကြိုက်နေလို့သာ entertainmentထဲကို အတင်း ၀င်လာတဲ့သူဘဲလေ။ မိဘချင်းကလည်း သိနေကြတာ ဆိုတော့လည်း မိဘတွေကို အကူအညီ တောင်းပြီး ရောက်လာခဲ့တော့တာလေ။ ဒါကို ရန်နိုင်က သဘောမတွေ့ခဲ့။

"သိပါတယ်၊ ခုချိန်သီရိကို လိုချင်တဲ့ entertainmentတွေမှ ပေါလွန်းလို့ပါနော်"

"သီရိ ပြောစရာ မရှိတော့ရင် ထွက်သွားပေးပါလား။ လုပ်စရာ ကိစ္စလေးရှိတယ်"

"ထွက်သွားမှာပါ။ ဒါနဲ့လေ ရှင်ဘာကိစ္စကြောင့် မြင့်မြတ်နား ရစ်ဝဲနေရတာလဲ"

"သီရိ" ဆိုပြီး ရန်နိုင်အော်လိုက်တော့သည်။

"အဲ့လောက်ကြီး လုပ်စရာလိုလို့လား။ အာရုံစိုက်ခံရချင်လို့ ရှင်က

သူရဲကောင်းကြီး လုပ်လိုက်တာမလား"

"သီရိ ငါတစ်ခွန်းဘဲပြောမယ်။ ဘာလို့ဆို မြင့်မြတ်ဆီက ဘယ်လိုဘဲ အာရုံစိုက်ခံရခံရ ငါလုပ်မယ်၊ တစ်ကယ်လို့ အာရုံမစိုက်ရင်လည်းကွာ ငါဖြစ်အောင် လုပ်မယ်၊ ငါရအောင်ယူမယ်၊ အဲ့တော့ ထွက်သွားပေးပါလား" ဆိုပြီး ရန်နိုင် ပြောရင်း တံခါးနားသွားကာ တံခါးကို ဖွင့်ပေးလိုက်သည်။ သီရိလည်း စိတ်တိုကာ ထွက်သွားလေသည်။

သီရိတစ်ယောက် မှန်တင်ခုံရှေ့မှာ တစ်ယောက်ထဲထိုင်နေရင်း အတိတ်က အကြောင်းတွေ ပြန်စဉ်းစားနေလေ၏။

"နင်ငါ့ကို ပထုတ်လိုက်တာ ကောင်းသားဘဲ။ ခုနင်လိုချင်နေတဲ့ မြင့်မြတ်လဲ နင်ကြောင့် ဆေးရုံမှာ၊ ဘာတတ်နိုင်သေးလဲ။ ငါလေအရင်က သီရိမဟုတ်တော့ဘူး၊ ခု ငါပြန်လာတာက ငါအရင်က သီရိမဟုတ်တာကို ပြချင်လို့ရယ်။ နင်ငါ့ကိုပထုတ်တဲ့အတွက် လက်စားလေးနဲနဲချေဖို့ရယ်ပါဘဲ ရန်နိုင်ရယ်"ဆိုပြီး တွေးကာ ရယ်မောလိုက်သည်။

If(အကယ်၍...)/{complete}Onde histórias criam vida. Descubra agora