Chapter - 8.2

7.7K 1.5K 45
                                    

[Zawgyi]

<ဂျင်းလွှာဆန်ပြုတ်>

သူသာ ဒီလူ့ကိုတစ်ယောက်တည်းထားခဲ့ရင် အခုလိုပြင်းထန်တဲ့အဖျားမျိုးနဲ့ဆို ဒီလူက အသက်ရှင်နိုင်ရုံသာရှိတော့မည်ဟု လင်ရှုယီခန့်မှန်းလိုက်လေ၏။

လင်ရှုယီက မီးဖိုချောင်ကို အသုံးမပြုတာကြာပြီဖြစ်သော်ငြား မကြာခဏသန့်ရှင်းရေးလုပ်တတ်သဖြင့် ရှင်းလင်းနေ၏။ သူက ဆန်လက်တစ်ဆုပ်စာယူလိုက်၍ လတ်လတ်ဆတ်ဆတ်ဂျင်းတုံးကြီးကြီးတစ်တုံးပိုင်းလိုက်ပြီး ကြက်သွန်မြိတ်ကိုနုတ်နုတ်စင်းပြီး မီးမွှေးကာ ဆူအောင်ပြုတ်လိုက်သည်။

ထိုအချိန်ကို အသုံးချပြီး လင်ရှုယီ အပြင်ထွက်လိုက်ကာ ထိုလူ့အပေါ်မှာခြုံပေးထားသောစောင်ကို သူဆွဲယူလိုက်သည်။

ကိုယ်ပေါ်ကို ဝိုင်နွေးနွေးနဲ့ ရေပတ်တိုက်ပေးတာက အဖျားကျအောင်လုပ်တာအတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။ သို့သော်လည်း ဒီမှာဝိုင်မရှိတာကြောင့် သူရေနွေးနဲ့သာ လုပ်ပေးနိုင်ပေသည်။ သူ့ကိုယ်အပူချိန်နဲ့စာလျှင် ရေနွေးက အနည်းငယ်အေးနေတာကြောင့် ပဝါက သူ့ကိုထိတဲ့အခါ ထိုလူက နောက်ကိုအနည်းငယ်ကျုံ့သွားလေ၏။

ကောင်းကင်က တဖြည်းဖြည်းလင်းချင်းလာတာနဲ့အမျှ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေလည်းထင်ရှားလာ၏။ ထိုဒဏ်ရာများက ကြာပွတ်ရာနှင့်ဆင်တူနေသည်။ ဒဏ်ရာတွေက သိပ်ပြီးမထိခိုက်ပေမယ့်လည်း ကြောက်ဖို့ကောင်းလေသည်။

လင်ရှုယီက ထိုလူ၏တစ်ကိုယ်လုံးကို ခေါင်းအစခြေအဆုံး တည်ငြိမ်စွာရေပတ်တိုက်ပေးလေသည်။ သူမကြည့်သင့်တဲ့နေရာတွေကို မကြည့်သလို ကြည့်သင့်တဲ့နေရာတွေကိုလည်း အကုန်မြင်သည်။ မည်သို့ပင်ဖြစ်စေ...သူတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေဖြစ်တာကြောင့် မမြင်သင့်တာကိုသူမြင်မိသွားရင်တောင် လင်ရှုယီအတွက် ဘာမှသိပ်ကြီးကြီးမားမားမဖြစ်ချေ။

သူရေပတ်တိုက်ပြီးသွားတဲ့အခါ ဂျင်းလွှာဆန်ပြုတ်လည်း ကျက်ချေပြီ။ သူက ထိုလူကိုထူလိုက်ပြီး ဆန်ပြုတ်တစ်ဇွန်းအပြည့်ခပ်ကာ ထိုလူ့ပါးစပ်ထဲခွံ့လိုက်သည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now