part(16)Real!

35.9K 4.1K 153
                                    

လေကတဖြူးဖြူး တိုက်ခတ်နေပြီး သစ်ရွက်တွေကပါကြွေကျနေသည်။မိုးကမကုန်သေးတာမို့ တစ်ခါတစ်ခါ လေအဝှေ့မှာ မြေသင်းနံ့လေးက ကပ်ပါလာသယောင်ရှိသည်။ပြတင်းပေါက်ကိုကြည့်လိုက်ရင် လှုပ်ခါသွားတဲ့သစ်ပင်သစ်ရွက်တွေ သည် မိမိကို ဆယ်ကျော်သက်လေးလိုရင်ခုန်စေသည်။လူကြီးတျွေပြာကြသလို ဆယ်ကျော်သက်လေးတွေက သစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တယ်ဆိုလား။

"ဟဲ့...ပိုင်ဇေ..."
"..."
ဖြန်း!!!

"ဟဲ့သေဂျင်းဆိုး လူလိုခေါ်ရင်မကြားဘူး"

မိမွန်ရဲ့ဆဲသံနဲ့လက်သံပြောင်ပြောင်ကြောင့်အပြင်ဘက်ကိုကြည့်နေတဲ့ပိုင်ဇေ လန့်သွားပြီး ရိုက်ခံရတဲ့နေရာကိုလက်နဲ့ပွတ်ပြီး မျက်စောင်းထိုးပေးလိုက်သည်။ဆရာမက round လှည့်နေသဖြင့် ပြန်မအော်တော့ပဲ နှုတ်ခမ်းကိုမဲ့ပြလိုက်သည်။

"ဆရာမက အုပ်စုလိုက် cover letter ရေးခိုင်းထားတာကို...နင့်ဘိုးအေမို့ ပြတင်းပေါက်ဘက်ကိုကြည့်ပြီးပြုံးနေတာလား"

မိမွန်ပြောလည်းပြောချင်စရာ။cover letter ရေးဖို့ ဆရာမက ငါးယောက်တစ်အုပ်စုဖွဲ့ပေးထားသည်။ပိုင်ဇေ၊မိမွန်၊ခွန်းသနှင့်ကျန်နှစ်ယောက်က အတန်းထဲက ဝတ်ရည်နဲ့ ဖြိုးပြည့် ဖြစ်သည်။သို့သော် ငါးယောက်တွင် လေးယောက်လုံးက အားကြိုးမာန်တက်အချက်အလက်တွေ ရှာနေသော်လည်း ပိုင်ဇေ တစ်ယောက်ပဲ အပြင်ဘက်ကိုပြုံးကာ ကြည့်နေခြင်းပင်။ပိုင်ဇေသည်ဖုန်းထုတ်လိုက်ပြီး Google ထဲဝင်လိုက်သည်။
"ပြောပြော... ဘယ်အချက်တွေရှာပေးရမလဲ..."

"Assistant engineer အတွက်လိုအပ်တဲ့အချက်တွေရှာလိုက် ပိုင်ဇေ"
ဝတ်ရည်ပြောသည့်အတိုင်းပိုင်ဇေ စာလုံးတွေကိုရိုက်နှိပ်လိုက်သည်။ထိုအခါမှ မိမွန်က ပွစိပွစိမပြောတော့ပဲ ခေါင်းပြန်ငုံသွားပြီး စာပြန်ရေးနေသည်။

ပိုင်ဇေစာထဲမှာအာရုံစိုက်နေတုန်း သူတို့အခန်းထဲကို ကျောင်းသားသမဂ္ဂက စီနီယာအကိုတစ်ယောက်ကဝင်လာလေသည်မို့ အကုန်လုံးရဲ့အာရုံက ဝင်လာတဲ့အကိုစီကို ရောက်သွားသည်။
ထိုစီနီယာသည်ဆရာမကို အရင်ဝင်ခွင့်တောင်းလိုက်သည်။
"တီချယ် ခဏဝင်ခွင့်ပြုပါခင်ဗျ"

My Boyfriend is a traffic policeWhere stories live. Discover now