part 25

314 16 5
                                    

Unicode

သင်ကြန်ကျဖို့၄ရက်သာလိုတော့သည်။
အလုပ်တွေလည်းပိတ်လိုက်ပြီမို့အားလုံး
ရဲ့သဘောတူညီချက်ကြောင့်ဒီနှစ်ပတ်ရက်
ကိုချောင်းသာသွားဖို့စီစဥ်လိုက်ကြသည်။

အရင်ကတော့ကိုယ်ပိုင်ကားနဲ့သွားပြီး
ဝန်ထမ်းတွေကိုကားဌားပေးပါတယ်,
ဒီနှစ်အတာကအားလုံးနဲ့အတူသွားချင်
ပါတယ်လို့ပြောတာကြောင့်အခုအား
လုံးနဲ့အတူသွားနေပါတယ်

အတာတစ်ယောက်ညကတည်းကတက်
ကြွနေသည်။
၂ရက်ဘဲကာမည့်ခရီးစဥ်ကိုအိပ်ကြီးတစ်
လုံးအပြည့်ပစ္စည်းတွေထည့်နေသေးသည်။

အဝတ်အစားတွေကနဲနဲ မုန့် uno ကတ်တွေ
နဲ့အိပ်တစ်ခုလုံးပြည့်နေသည်။
ဘာဘဲဖစ်ဖြစ်ဒီကောင်လေးပျော်နေတော့
မိမိလည်းပျော်သည်

ဒီရက်ပိုင်းငယ်တစ်ယောက်နေမကောင်းလို့
လားမသိ
တစ်ခုခုထူးခြားနေတာအမှန်ပါ
အရင်လိုအနားကိုအချိန်ပြည့်မကပ်
တခါတလေဘာကြောင့်မှန်းမသိရုတ်တရက်
ကြီးရေချိုးခန်းထဲကိုပြေးပြေးသွားတာ

တစ်ခေါက်ကလည်းခရီးသွားဖို့ပြောနေရင်း
မှ

"ကိုကိုနဲ့အခုလိုသွားခွင့်ရတာပျော်လိုက်တာ
သေပျော်ပါပြီ"

ခရီးသွားခါနီးအလိုပြောလို့ဆူလိုက်ရသေးတယ်
အခုလည်းကားပေါ်တက်ခါစကတော့အစ်မတွေ
နဲ့သွားထိုင်လေဆိုတုန်းကတော့

"ကိုကို့နားမှာဘဲထိုင်မယ် ကိုကိုရင်ခွင်ထဲမှာနေ
ချင်လို့"

တဲ့ အဲ့လိုပြောပြီးအခုအစ်မတွေကြားမှာသွား
ထိုင်နေလေရဲ့
ကားနောက်ဆုံးခုံမှာထိုင်ပြီးဆူညံနေတာဘဲ

ဝေးးးးးးးးးး

အားလုံးကန်းခြေတစ်လျှောက်ဆော့ကစားနေကြ
သည်
ဘောလုံးကန်တဲ့လူက ကန်နေကြသည်
ဒီကြားထဲဟိုကောင်လေးလည်းပါသည်

ယောက်ျားလေးတွေကဘောလုံးကန်တဲ့သူက
ကန် ဘောလီဘောဆော့တဲ့သူကဆော့
မိန်းကလေးတွေကတော့ထုံးစံရေးကူးဓာတ်ပုံ
ရိုက်ကြပေါ့

ဘုန်းမြတ်အတာတို့ဆော့နေတာကိုကြည့်ရင်
နေပူဆာလှုံနေလိုက်သည်
နှစ်စဥ်ဒီလိုရက်တွေသာအပြည့်အဝနားရသည်
မို့ဘုန်းမြတ်အနားယူရမည်

Atar Where stories live. Discover now