#unicode
#zawgyiမင်းမြတ်မဟာစံအိမ်
မဟာရဲ့ private nurse အဖြစ်ရှေး တာဝန်စတင်ထမ်းဆောင်ရတဲ့အချိန်ကနေစပြီး ရှေး အိမ်မပြန်ရတော့ပေ...။နေ့ကောညပါ အဆင်သင့် အရေးကြီးငယ်ရှိလာရင်ချက်ချင်းဆောင်ရွက်ပေးနိုင်ဖို့ ညအိပ်ညနေပါ နေပေးရသည်။
၆နာရီဆိုတာရှေးအတွက် ထချိန်ဖြစ်ပြီးသခင်လေးအတွက်မနက်စာပြင်ဆင်ရသည်။
မနက်ခင်းစာကို ရှေ့ပြင်ဆင်ပေးတာသာ စားသည် ကိုသတိထားမိသည်မို့ ရှေးလည်း အမြဲအလိုက်တသိနှင့်သာ မနက်စာကိုပြင်ဆင်ပေးမိသည်။မျက်နှာ သစ် သန်ရှင်းရေးလုပ်ဖို့ စီစဉ်ပေးပြီးတာနဲ့မနက်စာ ကျွေးပြီးတာနဲ့ ဆေးတိုက်ပေးရသည်။
ပြီးတာနဲ့ သူနဲ့တူတူ သူ့ရဲ့ နှင်းဆီဖြူဥယျာဉ်ထဲတွင်
လေကျင့်ခန်း ကူလုပ်ပေးရသည်။
ရှေး တာဝန်ကျသည့်ဆေးရုံသည်လည်း
မင်းမြတ်မဟာစံအိမ်ရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တာ
ကြောင့် Dutyကိုအတတ်နိုင်ဆုံး
သူတို့ဘက်ကနည်းအောင်စီမံထားသည်။ညဘက်ညတာ အရေးအကြောင်းရှိရင် မသိမှာစိုးတာကြောင့်သူစီစဉ်ပေးထားတဲ့ သူအခန်းကပ်ရက်အခန်းတွင်နေစေကာ ထိုအခန်းသည် မဟာသုခဘုံရဲ့ အခန်းကိုတိုက်ရိုက်ဝင်နိုင်သောအခန်းလည်းဖြစ်ပေသည်။
မဟာရဲ့ဒေါသ သည် တစ်အိမ်လုံးရဲ့ အကြောက်ရဆုံးအရာတစ်ခုဖြစ်သလို သူမကြိုက်တာမျိုးလုပ်ရင် ပစ်ပေါက်တတ်တဲ့အကျင့်ဆိုးလည်းရှိသည်။ အထူးသဖြင့် သူရဲ့အခန်းကို ဝင်ခဲ့ရင်ပင်...။
မဟာရဲ့အခန်းကိုဝင်ခွင်ရသူမှာမဟာ့အမေနှင့်
ရှေးရေစက်ပင်...ရှေးရေစက်သည်လည်းမဟာရဲ့ ဝတ္တရားတွေမှအပ
မည်သည့်အလုပ်မှမလုပ်ရ...ဒါသည်လည်း
မဟာရဲ့ အမိန့်ပင်..သူရဲ့ ဝေယျာဝိစ္စ တာဝန်ကိုသာ
ကျေပွန်စေရန်ဖြစ်လိမ့်မည်ဟု ရှေးတော့ထင်သည်လေ။မဟာ အသုံးပြုတဲ့ ဝှီးချဲမှာအထူး မှာယူထားသောဝှီးချဲမို့် လက်တင် ခလုတ်လေးနှိပ်ယုံနှင့် သွားနိုင်သောကြောင့်သိပ်တော့အန္တရာယ်မရှိ...။
ရှေး ဒီနေ့ dutyရှိတာမို့် မနက်၁၅မိနစ်ခန့် ပိုစောထကာ
သခင်လေးအတွတ် အိုဗာတင်း တစ်ခွက်နှင့်
Cheese cakeလေးကို ပြင်ဆင်ကာ လင်ဗန်းနဲ့ထည့်ပြီး
ဘေးနာတွင် လည်းမနက်တိုက်ရမည့်ဆေးကိုထည့်ကာအပေါ်ထပ်သို့တတ်ရန်ပြင်လိုက်သည်။
အပေါ်ထပ်အတက်လှေကားမှာအပြင်မှပြန်ရောက်လာတဲ့သခင်လေးရဲ့ ဇနီးနဲ့ ဆုံသည့်အခါ
ရှေး ကိုယ့်ကိစ္စမဟုတ်သည်မို့မသိသလိုနေကာ
အပေါ်သို့တတ်ခဲ့သည်။
ဒီလိုမိုးလင်းပေါက်မှပြန်လာတာ
ဒီအိမ်မှာ ရှေး နေစဉ် ၂ပတ်အတွင်း
အထူးအဆန်းကိစ္စမဟုတ်တော့
မဟုတ်တော့ပေ။
ESTÁS LEYENDO
သူ႔ ...က်ိန္စာ(သူ့ ...ကျိန်စာ)
Romanceတပည်တော်ဟာ အရှင့်သားအား အချစ်စစ်အချစ်မှန်နဲ့ ချစ်ခဲ့ပါ၏ မလိုသူထား လောဘသားများ၏ သွေးထိုးမှုကြောင့် ကျွန်တော်မျိုးဟာ မတရားသဖြင့်သေရပါတော့မည်ဘုရား... တပည့်တော် သာ ဆုတောင်း တစ်ခု ပြည့်မည်ဆိုပါက တပည့်တော်၏ချစ်ခြင်းမေတ္တာတ...