Unicode
"ချီးစ်ယား!"
ဝိုင်ခွက်ကိုယ်စီကိုင်ကာ လူကုန်ထံမိတ်ဆွေတစ်စုမှာ မွေးနေ့ဂုဏ်ပြုပွဲကျင်းပနေကြရာ ထိုလူများထဲ တစ်ယောက်သောသူမှာမပျော်နိုင်...မျက်နှာထက် မကျေနပ်မှုတို့က ဖုံးဖိမရအောင် ဖြစ်နေလေ၏။
"ပိုင်စိုး..မင်းယောက်ဖတော့ မသေပဲပြန်ရောက်နေပြီပေါ့" ဝတ်စုံအပြည့်ဝတ်ထားသော အသက်၄၅နှစ်ခန့် အရွယ်ရှိ ဦးစိုင်းထန်မှ ပိုင်စိုး၏ယောက်ဖအားလုပ်ကြံမှု မအောင်မြင်သောကြောင့်မေးလိုက်ရာ...
"ဒုတိယအကြိမ်ထိ မအောင်မြင်မှတော့ မင်းကုမ္ပဏီက ငါ့ရှယ်ယာတွေပြန်ထုတ်ယုံပေါ့ "
"ဟက်...ထုတ်ကြည့်လိုက်လေ...ခင်ဗျားရဲ့သမက်လောင်းလေးကို ခင်ဗျားကလုပ်ကြံခိုင်းတယ်ဆိုပြီး အကုန်ဖွင့်ချယုံပေါ့.. ငြင်းဖို့လဲမစဉ်းစားနဲ့..ပိုင်စိုးအကြောင်းကောင်းကောင်းသိစေရမယ်၊ ကျုပ်က ခင်ဗျားတို့ခိုင်းကောင်းတဲ့ ခိုင်းနွားမဟုတ်ဘူး...ဟက်...လိုဘက်ရှိမှပေါင်းပြီး မလိုအပ်တော့မှ ကန်ထုတ်ခံရမယ့်ထဲ ပိုင်စိုးဆိုတဲ့ကောင် မပါဘူး" မျက်နှာရွဲ့ကာ လုပ်ရဲရင်လုပ်ကြည့်ဟူသော မထီမျက်နှာဘေးဖြင့် ခေါင်းရမ်းတစ်ချက်ရမ်းကာ ပြောလိုက်သည်။
"ငါ့သမက်လောင်း!..ဟိုအဖွားကြီးရဲ့မြေးလား?..."
ပြောပြီးသည်နှင့် ဦးစိုင်းထန်၏ ဖြူဖျော့ဖျော့ဖြစ်သွားသော မျက်နှာကို ကြည့်ကာ ပိုင်စိုးကျေနပ်နေလေသည်။
"ဒါနဲ့...ခင်ဗျားသမီးအငယ် နန်းအေးထွေးတောင် ဒီနှစ်ကျောင်းပြီးပြီဆို"
ပိုင်စိုး ထိုလူကြီးနံဘေးနားကပ်ကာ ခပ်ဖွဖွလေသံနှင့် မဲ့ပြုံးတစ်ခုပြုကာ ထိုစကားပြောပြီးသည်နှင့်ထွက်သွားလေ၏။ ပိုင်စိုး၏စကားကြောင့် အနှီလူကြီးမျက်နှာထက် အလိုမကျမှုများဖြစ်ပေါ်လာပြီး ကျန်လူများမှာလဲ ထိုပါတီပွဲကိုဆက်ပြီးကဲရမလို...ထပဲပြန်ရမလိုဖြစ်နေကြသည်။
ESTÁS LEYENDO
LOVE BIRD (Completed)
Romance25.5.2020 စိတ်ကူးယဥ် Fictionဖြစ်လို့ fictionထဲပါအကြောင်းအရာများထဲ အမှားပါခဲ့ရင် သည်းခံပေးပါရန် မေတ္တာရပ်ခံပါတယ်.... zawgyi code အဖွား၏စကားအရမဖြစ်မနေမိန်းကလေးတစ်ယောက်နှင့်လက်ထပ်ဖို့ဖြစ်လာတဲ့အခါ လက်ထပ်ပွဲနေ့မှာ အဲ့မိန်းကလေးရောက်မလာပဲ တခြားသူအစားထိ...