Episode-14

1.4K 205 68
                                    

ZAWGYI

도망가지 마 겁내지도 마~~~
널 해치고 싶지 않아~~~
It’s not my fault~~~
너를 다시 찾아오길 바라 예전보다~~~
더 잘 가둘 거야~~~
It’s all your fault~~~
이대로 놓아줄 바엔 그냥 차라리~~~
너의 악몽이 될래~~~
꼭꼭 숨어라 머리카락 보일라~~~

သီချင်းသံတို့သာယာစွာပျံ့လွင့်နေသော စာကြည့်ခန်းထဲတွင် ကော်ဖီခါးခါးခပ်ပြင်းပြင်းတစ်ခွက်အား အရသာခံသောက်ရင်း စာဖတ်နေသည့် ခန့်ခန့်ညားညား အမျိုးသားတစ်ဦး။သူ၏ တည်ကြည်သောကိုယ်ရည်ကိုယ်သွေးနှင့် ခက်ထန်လှသော မျက်ဝန်းအကြည့်တို့မှာလည်း သီချင်းသံနှင့်လိုက်ဖက်စွာပင် သဘာဝအလျောက် ဖြစ်တည်နေလျက်။

ထိုအချိန်ခိုက်အတန့်လေးတွင်...

"ကျွန်တော် ခင်ဗျားကို တစ်ခုလောက် တောင်းဆိုလို့ရမလား..."

သူ၏ အခန်းတွင်းသို့ ခွင့်ပြုမိန့်မလိုပါဘဲနှင့် တံခါးမရှိဓားမရှိ ၀င်ထွက်သွားလာခွင့်ရှိသည့် တစ်ဦးတည်းသောအမျိုးသားက စာကြည့်စားပွဲရှေ့သို့ တဖြည်းဖြည်းချင်း လှမ်းလျှောက်လာပြီး သည့်နောက် အကွာအဝေး အနည်းအငယ်အလိုတွင် သူ၏ ခြေလှမ်းတို့အား ရပ်တန့်ပစ်လိုက်ကာ နှုတ်ခမ်းပါးမှလည်း တောင်းဆိုချက်တစ်ခုကို ဖွင့်ဟလာလေ၏။

"တောင်းဆိုတယ်တဲ့လားကွာ...ကိုယ်တို့တွေကြားမှာ အဲဒီစကားပြောစရာလိုလို့လား...မင်းဖြစ်ချင်တာမှန်သမျှကို ကိုယ်အကုန်ဖြည့်ဆည်းပေးမှာပါ..."

တောင်းဆိုသည်...တောင်းဆိုသည်ဆိုသည်မှာ သူစိမ်းများ ကြားထဲတွင်သာ အသုံးပြုသည့်စကားမျိုး မဟုတ်ပါလား။ဘ၀နှစ်ခုအားတစ်ခုတည်းဖြစ်စေရန် ပေါင်းစည်းထားသော သွေးသားမတော်စပ်သည့် အရင်းနှီးဆုံးသူစိမ်းများအတွက်မူ ဤစကားမှာလုံးဝကိုမလိုအပ်ပါလေ။သို့ဖြစ်လျှင် နှစ်ဦးသား၏ အိမ်ထောင်ရေးမှာသာမန်မှဟုတ်ပါလေစ။

"ကျွန်တော် အပြင်ထွက်ချင်တယ်..."

"ကောင်းပြီ ကိုယ်အားတဲ့နေ့ လိုက်ပို့ပေးမယ်..."

တစ်ဖက်မှ ထွက်လာသည့်စကားကြောင့် အနည်းငယ်မျက်နှာ ပျက်သွားသော်လည်း အတတ်နိုင်ဆုံးပင် သူထိန်းသိမ်းထား လိုက်ပါ၏။တဖက်လူစိတ်ညစ်ညူးသွားမည်ကိုသူကိုယ်တိုင်မှ မလိုလားသည်လေ။ထို့ကြောင့်အားသည့်နေ့ရက်တွင်သူလေး အလိုကျဆောင်ရွက်ပေးရပေတော့မည်။

Fate (Or) Fake? (Completed)Where stories live. Discover now