part(19)

31K 4.1K 287
                                    

သြရမောင်သည် ဆေးရုံက စီစဉ်ပေးသည့်အခန်း တခန်း ထဲသို့ပိုင်ဇေ့ကို ပို့ဆောင်ပြီး နောက်နားချနေသည်။
"မလုပ်ဘူးနော်!! မခွဲပါဘူးဆို ..ကျွန်တော်သက်သာနေပြီ.."

ပိုင်ဇေ့၏အခြေအနေသည့်ညနက်သန်းခေါင် မှာ ထဖောက်လျှင်ပိုဆိုးမည်ဖြစ်သည်။ဆရာဝန်မရှိရင် ဘယ်လိုလုပ်မလဲ? ဒါကြောင့်ဆရာဝန်ရှိတုန်း ခွဲလိုက်ဖို့ သြရမောင်က ချော့မြူနေရသည်။
"မနာဘူးလေ..ပိုင်ဇေရဲ့...ထုံဆေး တွေမေ့ဆေးတွေနဲ့ခွဲမှာ ခဏပဲ...သိလား."

ပိုင်ဇေသည်မျက်ရည်များဘူးသီးလုံးလောက်ကျလာပြန်သည်။
"ဟင့်အင်း မခွဲဘူး အဲ့အစားသေပစ်လိုက်မယ်လို့!!"

"ပိုင်ဇေ...အကိုပြောပြမယ် နားထောင်...အခုမခွဲ လို့ရတယ်ထား...ရောင်နေတုန်းဆို နာရုံပဲ နာမှာ...
အူတက်ပေါက်သွားရင် နာတာထက်ဆိုးပြီး အသက်အန္တရာယ်တောင်ထိခိုက်နိုင်တယ်...အခု ခွဲလိုက်ရင် မနာဘူး..."

သြရမောင်၏အသံသည်အစွန်းဆုံ နူးညံ့နေပြီး ကလေးတယောက်ကို ချော့မြူ နေသလို ပိုင်ဇေ့ခေါင်း လေးကို ပုတ်လိုက် မျက်ရည်လေးတွေကို သုတ်ပေးလိုက်နှင့် မျက်ဝန်းများကလည်း ပိုင်ဇေ့စိတ်ကို မယိမ်းမယိုင်အောင် ဇွတ်လုပ်နေသလိုပင်။ဒီလူကြီးကတော့
ငါလုပ်လိုက်ရ...
ပိုင်ဇေ နှာခေါင်း ကို ရှုံ့ လိုက်ပြီး သြရကို တိုးတိုးလေး ပြောသည်။
"ကျွန်တော်ကြောက်တယ်"

ထိုစကားကတော့အမှန်ပင်။ပိုင်ဇေ့၏မိခင်သည် အစာအိမ်ကင်ဆာနဲ့ ဆုံးပါး သွားခြင်းဖြစ်သည်။ထို့ကြောင့် ပိုင်ဇေ သည်အဆုံးထိတွေးချလိုက်ပြီး သူလည်း အစာအိမ်ကင်ဆာ ဖြစ်ပြီး သေတော့မလို တွေးကာ ဝမ်းနည်းမဆုံး တရှုံ့ရှုံ့ ဖြစ်နေသည်။
ငါ့နှယ် မိန်းကလေးမဟုတ်ပဲ ယောင်္ကျားလေးကို စကြိုက်မိပါပြီဆိုမှ သေချင်ချင်ဖြစ်နေသေးတယ်။

"ဘာကြောက်စရာရှိလဲ? အကို ရှိနေမှာပဲကို"

သြရ၏စကားတခွန်းသည် ပိုင်ဇေ့ စိတ်နှလုံးကို ငြိမ်သက်သွားစေသည်။လူတယောက်ဘေးမှာ လူတယောက်က အားအဖြစ် ရှိနေပေးမယ်ဆိုတာက အလွန်တရာကို ကြည်နူးစေတဲ့ စကားဖြစ်သည်။ထိုလူက မိမိ တကယ်လိုအပ်နေတဲ့ မိမိ သဘောကျရဲ့ crush ဆိုရင်တော့ အဲ့တာက အတိုင်းမသိပဲပေါ့။
(လင်စကားဆိုရင် တခွန်းပဲ)
"ဒါဆို ကျွန်တော့်ကို ဖက်ထားပေး.."

My Boyfriend is a traffic policeWhere stories live. Discover now