part 26 [the end]

764 27 9
                                    

အတာမေ့လဲသွားတော့နီးစပ်ရာဆေးရုံ
ကိုပို့ပေးခဲ့သည်
သိပ်ကြာကြာမထားလိုက်ရဘဲညတွင်း
ချင်းဘဲအတာရဲ့တာဝန်ယူထားတဲ့ဆ
ရာဝန်ကသူစီပြောင်းလာဖို့ပြောတာ
ကြောင့်ညတွင်းချင်းxxxxဆေးရုံကို
ပြောင်းလိုက်ရသည်

အခုထိလည်းနိုးမလာသေးပါ
တခြားစမ်းသက်မှုတွေဘဲလုပ်ပြီးတာဝန်
ယူဆရာဝန်မရောက်လာသေးလို့စောင့်
နေရသည်

ငယ်ဝေဒနါတွေခံစားနေရမှာ
အသက်ရှူပိုက်တွေသွေးတွေလည်းရောက်
ကတည်းကသွင်းနေရသည်
ဆရာဝန်တွေဝင်ထွက်ပြီးစမ်းသက်ပေးနေ
ပေမယ့်အခုချိန်ထိဘယ်လိုအခြေအနေလည်း
ဆိုတာပြောမသွားကြပါ

"မင်ဂလာပါ ကျွန်တော်ကသူ့ကိုတာဝန်
ယူထားတဲ့ဆရာဝန်ပါ
ဒီကအစ်ကိုကအုပ်ထိန်းသူလား"

"ဟုတ်ပါတယ်"

"ကျွန်တော်နဲ့စကားပြောရအောင်"

ဘုန်းမြတ်ဆရာဝန်နောက်ကိုလိုက်သွား.
လိုက်သည်
အတာ့နားမှာဖူးပွင့်လည်းရှိနေတာမို့စိတ်
တော့ချပါသည်

သူလည်းညကတည်းကအတာ့ဘေးမှာနေ
ပေးလာတာ အတာသတိရမှပြန်မယ်ဆိုပြီး
ပြန်လွှတ်မရတာနဲ့ခေါ်ထားလိုက်ရတယ်

ဘုန်းမြတ်ဒေါက်တာအခန်းထဲရောက်တော့
ဒေါက်တာကခုံမှာထိုင်ဖို့ညွှန်ပြီးသူကမိမိအ
ရှေ့ကခုံမှနေရာယူလိုက်သည်
ဒေါက်တာကစကားမပြောခင်သက်ပြင်းတွေ
အကြိမ်ကြိမ်ချနေခဲ့သည်

ဘာတွေများဖြစ်နေလို့လဲ

"အတာနွေဦးကသူ့ရဲ့ရောဂါနဲ့ပတ်သတ်ပြီး
ကျွန်တော်ကလွဲလို့ဘယ်သူ့ကိုမှမပြောပြခိုင်း
လို့ပါ"

ဒေါက်တာကထပ်ပြီးသက်ပြင်းချပြန်သည်
ပိုလိုမျက်နာတည်သွားကာဝမ်းနည်းရိပ်များ
ဖြတ်သန်းနေသည်

"အတာနွေဦးမှာသွေးကင်ဆာဖြစ်တာနောက်
ဆုံးအချိန်ကိုရောက်နေပါပြီ"

ဘုန်းမြတ်ခေါင်းပေါ်မိုးကြိုးပစ်ချသွားသလို
ပင်
ခေါင်းထဲမှာလည်းလစ်ဟာသွားသလိုရင်ဘက်
ထဲမှာလည်းအသက်ရှူမဝသလိုဖြစ်လာသည်

"သူစတင်ဖြစ်ကတည်းကတခြားဘယ်သူ့ကို
မှမပြောဖို့အကြိမ်ကြိမ်တောင်းပန်ခဲ့တယ်
ကျွန်တော်တို့ကလည်းပြောချင်ပေမယ့်
သူကတောင်းပန်လွန်းလို့သူခွင်ပြုမှပြောဖို့
လုပ်ခဲ့တာပါ"

Atar Donde viven las historias. Descúbrelo ahora