အပိုင်း 1

391 12 0
                                    

Unicode

ကျွန်တော့်က အအောင်မြင်ဆုံးကာတွန်းရေးဆွဲသူ တစ်ယောက်ဖြစ်တယ်
၀မ်းနည်းစရာကဘာလဲသိလား ကျွန်တော့်ကို ဘယ်သူမှမမြင်ဖူးတာပဲ လျို့ဝှက်စာရေးစရာတစ်ယောက် ကျွန်တော့်ရဲ့ နောက်ခံမျိုးရိုးက အလွန်ကို စပ်ဆုတ်စရာကောင်းလောက်အောင် ဆင်းရဲမွဲသေနေတာပဲ

အောင်မြင်တဲ့ ရုပ်ပြရေးဆွဲသူတစ်ယောက်ဖြစ်ပြီး ပိုက်ဆံမရှိဘူးလားး

အကောင်းဆုံးမေးခွန်းပဲ  သေသေချာချာကိုပိုက်ဆံရှိတာပေါ့

ဒါဆိုရင်ဘာလို့ဆင်းရဲနေရတာလား

ဟားဟား မပြောပြချင်ပေမဲ့လဲ လောင်းကစားအရမ်းမက်မောတဲ့အဖေတစ်ယောက်ခဗျားတို့မှာရှိမယ်ဆိုရင်ရော လောင်းကစားဆိုတာအမြဲနိုင်နေတာမဟုတ်ဘူးလေ 100%မှာ99%ကအရှုံးပဲ
လေ ......

1%ကရော...အနိုင်လားးးးး

ဟားးဟားး အဲ့တာလား အဲ့ဒါကဘာလဲဆိုတော့ လောင်းကစားဒိုင်လေ...ဟားးဟားးဟားး

ခဗျား က ဟာသ သိပ်ပြောတတ်တာပဲ

ဟုတ်မှာပါ ကျွန်တော်လဲဟာသဖြစ်ပါစေ ဆုတောင်းမိပါတယ်....

ခဗျားအခုလို ဖုန်းထဲကနေ ကျွန်တော်တို့ မေးသမျှကို လက်ခံဖြေကြားပေးလို့ကျေးဇူးပါဗျ

ဟုတ်ကဲ့ပါ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ဖြေကြားခြင်းပဲ
ဖြစ်ပါလိမ့်မယ်....

ကျွန်တော်တို့နောက်ဆုံးရေးခဲ့တဲ့ စာအုပ်နဲ့ပတ်သက်ပြီး နဲနဲလောက်မေးလို့ရမလားဗျ

ဟုတ်ကဲ့ရပါတယ်

ဒီစာအုပ်မာ ဘာဖြစ်လို့  နောက်းဆုံးပိုင်းမှာမှမင်းသမီးကို ရုတ်တရက်ကြီး ပေးသေလိုက်တာလဲ ခဗျာ...

...........

ဟယ်လို ကြားရလားခဗျာ ကျွန်တော့်တို့မေးတာက ခဗျားအတွက်အဆင်မပြေဖြစ်သွားလို့လားးးး

စက္ကန့်အနည်းငယ်မျှအကြာ

မဟုတ်ပါဘူး ဖြေရတာအဆင်ပြေပါတယ် ဒီစာအုပ်မာ အဓိကမင်းသမီးက ကျွန်တော်ကိုယ်တိုင်ပဲဗျ ဟဟ နဲနဲ ရယ်ချင်စရာဖြစ်ပေမဲ့ ကျွန်တော့် နှလုံးသားနဲ့ ထပ်တူထပ်မျှကျအောင် ရေးဆွဲဖန်တီးထားတာ...

အစားထိုးချစ်သူ(အစားထိုးခ်စ္သူ)Where stories live. Discover now